
၁၁. ၈. ၂၀၂၃
နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တိုးတက်လျက်ရှိသည့် ခရီး သည်များအတွက် မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးတို့မှ ရုရှားနိုင်ငံ၊ နိုဗိုဆီဘာာ့စ်ခ်မြို့သို့ မြန်မာ့အမျိုး သား လေကြောင်းလိုင်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် တိုက်ရိုက်လေကြောင်းပြေးဆွဲသွားမည်ဟု သိရသည်။
Translated by Htwe Ko Tun
MAI က ရန်ကုန်-မန္တလေး-နိုဗိုဆီဘာာ့စ်ခ်မြို လေကြောင်းခရီးစဉ်ပြေးဆွဲမှုကို စက်တင်ဘာလ ၅ ရက်မှစတင်၍ အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့များတွင် ပျံသန်းသွားမည်ဟု ကြေညာခဲ့သည်။ ရန်ကုန်-မန္တလေး-နိုဗိုဆီဘာာ့စ်ခ်မြို လေကြောင်းခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခမှာ ၄၀၉ အမေရိကန်ဒေါ် လာကျသင့်မည်ဟုလည်း သိရသည်။
နှစ်နိုင်ငံအကြား ထိုကဲ့သို့ တိုက်ရိုက်လေကြောင်းပြေးဆွဲခြင်းက မြန်မာနိုင်ငံအတွင်း ရုရှားနိုင်ငံမှ ခရီးသွားများအနေဖြင့် ငပလီကမ်းခြေ၊ ပုဂံမြိုနှင့် အင်းလေးကန်(ဟဲဟိုးမြို့) ကဲ့သို့ ထင်ရှားသည့်နေရာများသို့ လာရောက်ကြစေရန် ပိုမိုဖြည့်ဆည်းပေးသကဲ့သို့ရှိမည်ဟု MAI ကဆိုသည်။
ထို့ပြင် ရန်ကုန်မြို့မှတစ်ဆင့် ဒေသအတွင်းဆက်လက်သွားရောက်လိုပါကလည်း ဘန်ကောက်မြို့၊ ကွာ လာလမ်ပူ၊ ဟနွိုင်း၊ ဖနွမ်းပင်နှင့် ကိုလ်ကတ္တားမြို့စသည့်မြို့များသို့ လေကြောင်းဖြင့် လွယ်ကူစွာ ဆက် လက်သွားလာနိုင်မည်ဖြစ်ရာ ရုရှားခရီးသွားများအတွက် ဒေသတွင်းဝင်ရောက်ရန် ရန်ကုန်မြို့က တံခါး ပေါက်သဖွယ်ဖြစ်လာနိုင်မည်ဖြစ်သည်။
ရုရှားနိုင်ငံတောင်ပိုင်း၊ ဆိုက်ဘေးရီးယားဒေသရှိ နိုဗိုဆီဘာာ့စ်ခ်မြို့ကလည်း စီးပွားရေးအဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံများတည်ရှိပြီး ရုရှားနိုင်ငံတစ်ဝန်းသို့လည်း လယ်ကူစွာသွားလာနိုင်မည်ဖြစ်သည်။
Ref—-MAI