၁၁.၈.၂၀၂၃.
Translated by Htwe Ko Tun
ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂါလီရွှေ့ပြောင်းနေထိုင်သူများကို သယ်ဆောင်ထားသောစက်လှေတစ်စီး တိမ်းမှောက်ရာ အနည်းဆုံး ၁၇ ဦးသေဆုံးကာ ၃၀ ဦးခန့်ပျောက်ဆုံးနေကြောင်း မြန်မာအစိုးရ ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ဩ ဂုတ်လ ၁၀ ရက်တွင် ပြောခဲ့သည်။
အဆိုပါစက်လှေက ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်မြို့နယ်ရှိ ဘင်္ဂါလီတို့၏စခန်းတစ်ခုမှ လွန်ခဲ့သည့် ရက်သတ္တပတ်အကုန်က မလေးရှားနိုင်ငံသို့သွားရန် ဦးတည်ထွက်ခွာလာခဲ့ခြင်းဟု သိရသည်။ စက်လှေပေါ်တွင် လူ ၅၅ ဦးပါကာ စက်လှေတိမ်းမှောက်ပြီးနောက် လူရှစ်ဦးကို စစ်တွေမြို့အနီး ပင်လယ်ပြင်အတွင်း ကယ်ဆယ်နိုင်ခဲ့ကာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များကခေါ်ဆောင်သွားကြောင်း သိရသည်။
ရွှေရောင်မေတ္တာကယ်ဆယ်ရေးဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဗျာလက ဩဂုတ်လ ၇ ရက်မှ ၉ ရက်အတွင်း အမျိုးသမီး ၁၀ ဦးအပါအဝင် လူ ၁၇ ဦး ၏အလောင်းများကို စစ်တွေမြို့နယ်အတွင်း ကမ်းခြေတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ပြောခဲ့သည်။ စက်လှေထွက်ခွာလာသည့်ရက်နှင့် တိမ်းမှောက်ရသည့်အကြောင်းရင်းတို့ကို အတိအကျမသိသေးကြောင်းလည်း ၎င်းက ပြောခဲ့သည်။
ရခိုင်ပြည်နယ် ရှေ့နေချုပ် ဦးလှသိန်းက လှေမှောက်သေဆုံးသူများ၏ အလောင်းများကို ဩဂုတ်လ ၇ ရက်မှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စက်လှေမှာ ကမ်းမှ ဥပဒေနှင့်မညီထွက်ခွာလာခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း တိမ်းမှောက်ခဲ့ခြင်းဟု သိရကြောင်း ပြောရသည်။
Ref—–AP