၁၁. ၈. ၂၀၂၃
Translated By Tha Doe
အမေရိကန် ဟာဝိုင်အီကျွန်းစုမှာ တောမီးအကြီး အကျယ်လောင်ကျွမ်းပြီး လူ ၅၃ ဦးထက်မနည်းသေဆုံးလို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။
ဟာရီကိန်းမုန်တိုင်း ဟာဝိုင်အီတောမီးကြောင့် မာအီကျွန်းရဲ့ သမိုင်းဝင်လာဟီနာဒေသရဲ့ ၈၀ ရာခိုင်နှုန်းလောက် မီးလောင်ကျွမ်းပြီး အဆောက်အအုံပေါင်း ၁၇၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ရတာကြောင့် ဒီဖြစ်ရပ်ဟာ ဟာဝိုင်အီပြည်နယ်သမိုင်းမှာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုရှ်ဂရင်းက ပြောခဲ့ပါတယ်။
ဩဂုတ် ၉ ရက် ကနဦးသတင်းတွေမှာ လူ ၆ ဦးပဲသေဆုံးတယ်လို့ဆိုရာကနေ ၅၃ ဦးအထိ မြင့်တက်လာတာဖြစ်ပြီး ဒီတော မီးကြောင့် လူ့အသက်တွေ ဆုံးရှုံးတာကို ဆက်လက်မြင်တွေ့ရမှာဖြစ်ပြီး Maui ကျွန်း ပြန်လည်ကောင်းမွန်ဖို့အတွက်တော့ နှစ်ပေါင်းများစွာအချိန်ယူရမှာဖြစ်သလို ဒေါ်လာဘီလျံပေါင်းများစွာလည်းကုန်ကျလိမ့်မယ်လို ဂျိုရှ်ဂရင်းက ပြောခဲ့ပါတယ်။
ဟာရီကိန်းမုန်တိုင်းဒိုရာနဲ့ ဆက်စပ်ပြီး လေပြင်းတိုက်ခတ်မှုတွေက တောမီးကူးစက်မှုကို အရှိန်ပိုကောင်းစေခဲ့သလို ဒီမီး လောင်ဆုံးရှုံးမှုကြောင့် သေဆုံးရသူတွေ၊ နေအိမ်ဆုံးရှုံးရသူတွေအတွက် လိုအပ်တဲ့အရာမှန်သမျှ ပံ့ပိုးပေးအပ်မယ်လို့လည်း ဘိုင်ဒန်က ပြောခဲ့ပါသေးတယ်။
လက်ရှိ အခြေအနေမှာတော့ တောမီးလောင်တဲ့နေရာတွေနဲ့ မီးဘေးခြိမ်းခြောက်မှုခံနေရတဲ့ ဒေသခံ ၁၁၀၀၀၀ ပတ်လည်နဲ့ ကမ္ဘာလှည့်ခရီးသည် ၁၄၀၀၀ ကျော်ကို ဟာဝိုင်အီမှာရှိတဲ့ တခြားကျွန်းစုတွေဆီ အရေးပေါ် ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။
Ref- BBC, Washington Post