MT News
၁၀. ၈. ၂၀၂၃
နွားထိုးကြီးမြို့နယ်တွင် စာသင်နေသည့်ကျောင်းဆရာမကို PDF နှစ်ဦးက ကျောင်းပြင်ခေါ်ထုတ်၍ ပစ်သတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဥ်မှာ ဩဂုတ် ၆ ရက် နံနက် ၉ နာရီ ၄၀ ခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာကျေးရွာရှိ မြိုင်သာအခြေခံပညာမူလတန်းကျောင်းသို့ PDF နှစ်ဦး (စိစစ်ဆဲ) က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း ၌ ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြားပေးနေသည့် မူလတန်းပြဆရာမဖြစ်သူ ဒေါ်နန်းလှဝင်း (၅၀)နှစ် (ဘ)ဦးဆော့အား ကျောင်းအပြင်သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်နန်းလှဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
NUG, PDF များ၏ နွေဦးတော်လှန်ရေးကာလအတွင်း “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်သူ”ဟုဆိုကာ စွပ်စွဲသ တ်ဖြတ်မှုများအနက် အများဆုံးသတ်ဖြတ်ခံရသည့်အထဲတွင် ဆရာ၊ ဆရာမများလည်းပါဝင်နေပြီး ယနေ့အထိ ဆရာ၊ ဆရာမ ၈၀ ထက်မနည်းအား PDF များက သတ်ဖြတ်ထားသည်။