၁၀. ၈. ၂၀၂၃
Written By Thandar
ဗန့် အက်ရှင်ဇာတ်ဝင်ခန်း ကာရိုက်တာပါဝင်သရုပ်ဆောင်နေတဲ့ ရဲနောင်ကတော့ ဇာတ်ကားရိုက်ကွင်း ရှုတင်တစ်ခုမှာ ကျွန်တော်ကိုပြောလိုက်တဲ့ စကားက လူသားအချင်းချင်း တန်ဖိုးမထားသလို ခံစားရလို့ အနုပညာ အလုပ်တွေ မလုပ်တော့ဘူးလို့ ဆိုပါတယ်။
“ပရိသတ်က ပွဲရှာတယ်လို့ ထင်တယ် မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အနုပညာကြေးရလို့ အနုပညာလုပ်တာ မဟုတ်ဘူး အနုပညာကို တကယ်ကို တန်ဖိုးထားပါတယ်။ ဒီနေ့ကသွားပြီး အပြောခံလိုက်ရသလိုဖြစ်သွားတယ်။ တကယ်တကယ် စိတ်မကောင်းဖြစ်သွားတယ်။ နဂိုထဲက ပိုက်ဆံမက်မောတဲ့သူဆိုရင် ဒီကိစ္စကို မီဒီယာအမတွေကို ခေါ်ပြောဖြစ်မှာပါ။ ဒီခံစားချက်တစ်ခုကြောင့် ကျွန်တော်ကို ပြောလိုက်တဲ့ စကားက လူသားအချင်းချင်း တန်ဖိုးမထားသလို ခံစားရတယ်။ ကျွန်တော်က အဲ့လိုလူစားလည်း မဟုတ်ဘူး။ အဲ့ကောင် ရောက်နေတာလား ရိုက်မှာလား မရိုက်ဘူးလားမေးလိုက်၊ မရိုက်ဘူးဆိုရင် နောက်တစ်ယောက်ခေါ်လိုက်မှာ အဲ့ကောင်တွေလောက်ကို ငါလိုက်ရှင်းပြနေဖို့အချိန်မရှိဘူး ပြောဆိုတာ ကျွန်တော့်ကို သက်သက်စော်ကားလိုက်သလို ခံစားရတယ်”လို့ သရုပ်ဆောင် ရဲနောင်က ပြောပါတယ်။
ရဲနောင်ကတော့ ကိုယ်ပိုင်စီးပွားရေး တစ်ခုရှိပေမယ့် အနုပညာကို ချစ်မြတ်နိုးတဲ့အတွက် ဇာတ်ကားတချို့မှာ ဇာတ်ပို့ဇာတ်ရံအနေနဲ့ ပါဝင်သရုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အနုပညာဆိုတာကို နောက်ထပ် မလုပ်ချင်လောက်အောင် စိတ်တွေကျပါတယ်။ အနုပညာ သရုပ်ဆောင်ပိုင်းကို လုပ်ချင်စိတ်မရှိ တော့ဘူးလို့ ဆိုပါတယ်။ ရဲနောင်တို့ မိသားစုကတော့ နိုဝင်ဘာလ ၄ ရက်ကိုလည်း ဗီယက်နမ်နိုင်ငံဘက် ခရီးထွက်ဖို့ပြင်ဆင်နေလို့လည်း ဆိုပါတယ်။
“ငါမင်းကို ပြောလိုက်တဲ့ စကားလုံးတွေက ဘာများ စော်ကားနေတာပါလို့လဲ။ ဆရာအဲ့လို ပြောလာတော့ ကျွန်တော့်နေရာမှာ ဆရာ့ရဲ့သားသမီးတွေသာဆိုရင် ဒီလိုစကားပြောမလားလို့ တစ်ခွန်းထဲ မေးချင်တယ်။ မင်းကို ငါက ဘာထိခိုက်စေလို့လည်း စကားက လူကြီးတစ်ယောက်အနေနဲ့ စဥ်းစားတတ်ရမှာပါ။ ကျွန်တော်က မင်းသား မဟုတ်တဲ့အတွက် ဗန့်နေရာက တခြားတစ်ယောက်ကို ခေါ်ရိုက်လို့ရတယ် ဆိုပေမဲ့ သူ့ကအရမ်း Image ကြီးတဲ့ သူလေ။ သူ့ပုံစံနဲ့ သူ့အနေအထားနဲ့ အဲလိုစကားလုံးမျိုး လုံးဝ မပြောသင့်ဘူးလို့ ထင်တယ်။ကျွန်တော့်ကို စော်ကားသလို ခံစားလိုက်ရတယ်။ ကျွန်တော်ခံစားချက် Post တင်လိုက်တာတောင် အဆုံးထိအကြီးမို့ သူမှန်တဲ့ ပုံစံပဲပြောခဲ့တယ်”လို့ သူကဆက်ပြောပါတယ်။