၁၀. ၈. ၂၀၂၃
Written by Pan Ei
ဆူရှီ ဆိုတာ ဂျပန်ရိုးရာ အစားအစာတစ်ခုဖြစ်တဲ့အပြင် ကမ္ဘာတစ်ဝှမ်းလုံးက လူတော်တော်များများကပါ ကြိုက်နှစ်သက်ကြတဲ့ အစားအစားတစ်ခုဖြစ်သလို မကြာသေးမီက ဂျပန်နိုင်ငံ၊ အိုဆာကာက စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ Sushi Kirimon မှာ ကမ္ဘာ့ဈေးအကြီးဆုံး ဆူရှီကို သူတို့ရဲ့ မီနူးမှာ ထည့်သွင်းခဲ့ပါတယ်။
“Kiwami Omakase” လို့ အမည်ပေးထားတဲ့ ဆူရှီ အခု ၂၀ ခု ပါတဲ့ ဆူရှီတစ်ပွဲကို Sushi Kirimon က ယန်း ၃ သိန်းခွဲ (မြန်မာငွေနဲ့ဆို ကျပ် ၇၅ သိန်း ဝန်းကျင်) နဲ့ ရောင်းချနေတာဖြစ်ပြီး ဂျပန်နိုင်ငံတစ်ဝှမ်းက ရရှိတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုကာ ဖန်တီးထားပြီး ရိုးရာနည်းလမ်းတွေနဲ့ ပြင်ဆင်ထားတယ်လို့ ဆိုင်က ကြေငြာခဲ့ပါတယ်။
အရသာရှိပြီး အရည်အသွေးကောင်းမွန်လှတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဆူရှီဖြစ်တာနဲ့အညီ ပါဝင်ပစ္စည်းတွေဆိုလည်း အကောင်းဆုံးဆိုတာတွေကိုသာ သုံးထားတာဖြစ်ပြီး အဲ့ဒီ ဆူရှီတစ်ပွဲမှာ ထမင်းလုံးပေါ် ပါးပါးလှီးထားတဲ့ ငါးစိမ်းတင်ထားတဲ့ နီဂီရီ လို့ခေါ်တဲ့ ဆူရှီတွေ၊ ပါပါးလှီးထားတဲ့ ငါးမျိုးစုံနဲ့ ပင်လယ်စာတွေ (ဆာရှီမီ) နဲ့ မာကီ လို့ခေါ်တဲ့ (လှီးထားသော ဆူရှီအလိပ်) နှစ်ခုတို့ ပါဝင်ပြီး ရွှေမှုန်လေးတွေနဲ့ အလှဆင်ထားပါတယ်။
အရင်တင်ထားတဲ့ စံချိန်ဟောင်းကတော့ ၂၀၁၀ ပြည့်နှစ်က ဖိလစ်ပိုင်စားဖိုမှူး Angelito Araneta Jr တီထွင်ပြုလုပ်ခဲ့တဲ့ ပုလဲတွေ၊ စိန်တွေအပြင် စားလို့ရတဲ့ ၂၄ ကာရက်ပါတဲ့ ရွှေရွက်နဲ့ ပတ်ထားတဲ့ အမေရိကန်ဒေါ်လာ ၁,၉၇၈ ကျသင့်တဲ့ ဆူရှီ ၅ ခု ပါတဲ့ ပွဲပဲ ဖြစ်ပါတယ်။
Ref; Guinness World Records