October 18, 2024

၁၆ သင်း ရှုံးထွက်အဆင့်တွင် နော်ဝေအမျိုးသမီးအသင်းကို အနိုင်ယူခဲ့သော ဂျပန်အမျိုးသမီးလက်ရွေးစင်အသင်း

၁၀. ၈. ၂၀၂၃
written by Htwe Ko Tun

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ကိုးကြိမ်မြောက်အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာ ဇူလိုင် ၂၀ ရက်မှ စတင်ကျင်းပလာခဲ့တာ အခုဆိုရင် ၁၆ သင်းရှုံးထွက် အဆင့်ကို လွန်မြောက်လို့ ကွာတားဖိုင်နယ်ပွဲတွေကို ဩဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ကစားကြတော့မှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲအထိ ရောက်ရှိလာတဲ့ အသင်းရှစ်သင်းအနက် အာရှတိုက်ကတော့ ဂျပန်အမျိုးသမီး လက်ရွေးစင်အသင်းပဲကျန်ပါတော့တယ်။ ပြိုင်ပွဲမှာ အသင်း ၃၂ သင်းအနက် အာရှတိုက်က ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က အုပ်စုအဆင့်မှာပဲ ပြည်တော်ပြန်ခဲ့ကြရပြီး ဂျပန်အမျိုးသမီးလက်ရွေးစင်အသင်းသာ ကွာတားဖိုင်နယ်ပွဲအထိ တက်လာနိုင်တာဖြစ်ပါတယ်။ အိမ်ရှင်အဖြစ် ပါဝင်လာတဲ့ ဩစတြေးလျကလည်း ကွာတားဖိုင်နယ်ပွဲ ရောက်ရှစ်သင်းထဲ ပါဝင်လာပါတယ်။

ကွာတားဖိုင်နယ်ပွဲတွေအနေနဲ့တော့ ဩဂုတ်လ ၁၁ ရက်မှာ စပိန်နဲ့ နယ်သာလန်၊ ဂျပန်နဲ့ ဆွီဒင်၊ ဩဂုတ်လ ၁၂ ရက်မှာ ဩစတြေးလျနဲ့‌ ပြင်သစ်၊ အင်္ဂလန်နဲ့ ကိုလံဘီယာတို့ကစားကြမှာပါ။ FIFA ရဲ့ သတ်မှတ်ချက်အရ ကမ္ဘာအဆင့် ၃ မှာရှိတဲ့ ဆွီဒင်အမျိုးသမီးအသင်းကို အဆင့် ၁၁ မှာရှိတဲ့ ဂျပန်အမျိုးသမီးအသင်းအနေနဲ့ အကြိတ်အနယ်ကစားရမှာပါ။

လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေအပြင် ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းတွေအရတော့ နယ်သာလန်၊ ဆွီဒင်၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ကပဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို အနိုင်ရပြီး အကြိုဗိုလ်လုပွဲမှာကြီးစိုး နေရာယူကြအုံးမယ်လို့ ခန့်မှန်းမိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *