October 18, 2024

၁၀. ၈. ၂၀၂၃
Written By Thandar

ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာတဲ့ မင်းသမီး အကယ်ဒမီ အေးမြတ်သူကတော့ ဒါရိုက်တာမီးပွားရဲ့ စိတ်တိုင်းကျ ဇာတ်ကောင်တခုလုပ်နိုင်ရင် အနုပညာလောကမှာ ရေရှည်ရပ်တည်လို့ ရတယ်လို့ ဆိုပါတယ်။

“ အကယ်ဒမီနဲ့ လွဲခဲ့တယ်ဆိုပေမယ့်လည်း ခေါက်ထီးလေးကို ကြည့်တိုင်း ‘ကြွေ’ ဆိုတဲ့ ဇာတ်ကောင်ကို သဘောကျကြတယ်။ အဲဇာတ်ကားအတွက် အေးမြတ်သူ အကယ်ဒမီ ရခြင်းမရခြင်းထက် ပရိသတ်ရင်ထဲမှာ ‘ကြွေ’ ဆိုတဲ့ ဇာတ်ကောင်က အမြဲရှိနေတယ်။ ‘ကြွေ’ ဆိုတဲ့ ဇာတ်ကောင်က ဘဝမှာ ပြန်ပြောလို့ရတဲ့ ဇာတ်ကောင် တစ်ခုဖြစ်ခဲ့တယ်။ ဦးမီးပွားက အရမ်းကိုပဲ သင်ပေးတယ်။ အေးမြတ်သူရဲ့ စိတ်ထဲမှာကျတော့လေ ဦးပွားရဲ့ စိတ်တိုင်းကျဆိုတဲ့ ဇာတ်ကောင်တခု လုပ်နိုင်ရင် ဒီလောကမှာ ရေရှည်တော်တော် ကြာကြာရပ်တည်လို့ရတယ်လို့ ခံယူထားတယ်။ ဦးပွားကို ကြောက်တဲ့ စိတ်ကို ဖယ်နိုင်သွားပြီဆိုရင် ဘယ်ကားလာလာ ဘယ်လိုသရုပ်ဆောင်လာလာ ဘာမှမဖြစ်တော့ဘူး”လို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-10_11-13-35-683x1024.jpg

ဒါရိုက်တာ အကယ်ဒမီ မီးပွားကတော့ အေးမြတ်သူ ဇာတ်ကားတွေ စတင်ရိုက်ကူးတဲ့ ဗီဒီယိုလောကနဲ့ ရုပ်ရှင်လောကတွေမှာ အကောင်းဆုံး သင်ကြားပို့ချပေးခဲ့တဲ့ ဆရာကောင်းလို့လည်း ဆိုပါတယ်။ သူမအတွက် ဇာတ်ကောင်နေရာ ကောင်းကောင်းတွေကိုလည်း အမြဲပေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

“ဒီကား ဒုတိယအကြိမ် ရုံပြန်တင်တော့ အကယ်ဒမီဆိုတဲ့ ဂုဏ်ပုဒ်ကြီး ရှိနေတော့ မြင့်သွားတယ်လို့ ခံစားရတာ တန်ဖိုးပိုတက်သွားတယ်လို့ ခံစားရတယ်။ ကိုစိုင်း၊ ဦးပွားရော တကယ့်ကို အားစိုက်ထားတဲ့ကားလည်း ဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ တေးဂီတနဲ့ မြန်မာရိုးရာယဥ်ကျေးမှု တေးဂီတတွေ ပေါင်းစပ်ထားတဲ့ကားပါ။ ဇာတ်လမ်းဇာတ်အိမ်ကလည်းကောင်းတယ်။ ပရိသတ်လည်း ကြည့်လိုက်ရင်သိမှာပါ” လို့ သူမက ဆက်ပြောပါတယ်။

သူမကတော့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားကြီး ၂၀၂၀ ခုနှစ် မတ်လက စတင်ရုံတင် ပြသချိန်မှာ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ဒီဇာတ်ကားကတော့လက်ရှိရုံပြန်တင်ချိန်မှာ အကယ်ဒမီဆု လေးဆု ရရှိထားတဲ့ ရုပ်ရှင်ကားအနေနဲ့ အရှိန်အဝါ တစ်ခုပိုတိုးလာတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *