October 18, 2024

ဓာတ်ပုံ - ပဲခူးတိုင်းဒေသကြီး ပြန်ဆက်နှင့် အဝိုင်းကျေးရွာဒေသခံတစ်ဦး

၁၀. ၈. ၂၀၂၃

Written by Hey Mar

ပဲခူးမြို့မှာ ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်း ရေကျော်နေပြီး ကျေးရွာတချို့ ရေဝင်ရောက်လျှက်ရှိတာကြောင့် ယာယီရေဘေးရှောင်စခန်း(၁၃)ခု ဖွင့်လှစ်ထားရတယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက MT News ကို ပြောပါတယ်။

ဒီနေ့ သြဂုတ် ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ ပဲခူးမြို့နယ်အတွင်းက အနိမ့်ပိုင်းရပ်ကွက်နဲ့ ကျေးရွာတွေထဲကို ရေတွေဝင်ရောက်လျှက်ရှိပြီး ပဲခူးမြစ်ရေ အခုလို ဆိုးဆိုးရွားရွား မလျှံတာ ငါးနှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-10_12-11-50.jpg

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ဘက်ရှိ အဝိုင်းကျေးရွာမှဒေသခံတစ်ဦးက “ရေက သန်းခေါင်ကျော်လောက်က အတော်တက်လာတာ။ မနက် ၄ နာရီလောက်မှာ တန့်သွားပေမယ့် ၆ နာရီလောက်မှာ တရိပ်ရိပ်နဲ့ ပြန်တက်လာတာ။ အခုအိမ်အောက်ထပ်မှာ ခါးလောက်ရောက်နေပြီ။ ဒါတောင် ကျွန်တော့်အိမ်က ရွာထဲမှာ အမြင့်ပိုင်းမှာ ရှိတာ” လို့ ပြောပါတယ်။

ဇိုင်းဂနိုင်းမြောက်ပိုင်းနဲ့ တောင်ပိုင်းရပ်ကွက်အကြား မင်းလမ်းမကနေ ဖြတ်သန်းသွားလာနေတဲ့ ယာဥ်နဲ့လူတွေ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးနေပြီး ရေဝင်ရောက်နေတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ နေထိုင်သူတွေအတွက် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၁၃)ခုကို သက်ဆိုင်ရပ်ကွက်၊ ကျေးရွာတွေရဲ့ ဘုန်းတော်ကြီးကျောင်း၊ သာသနိကအဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေမှာ ဖွင့်လှစ်ထားရှိပြီး ရေ၊ ဆေးဝါးနဲ့ ရိက္ခာခြောက်တွေကို မြို့ခံတွေက ကူညီ လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-10_12-11-34.jpg

ပဲခူးမြို့မှာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေက စိုးရိမ်ရေအမှတ်(၈၈၀)စင်တီ မီတာရဲ့အထက် ကိုကျော်လွန်ပြီး (၉၃၃)စင်တီမီတာကို ရောက်ရှိနေကာ နောက် ၂၄နာရီ အတွင်း ၅၃ စင်တီမီတာ ထပ်တိုးလာနိုင်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ဓာတ်ပုံ – ပဲခူးတိုင်းဒေသကြီး ပြန်ဆက်နှင့် အဝိုင်းကျေးရွာဒေသခံတစ်ဦး

Leave a Reply

Your email address will not be published. Required fields are marked *