October 18, 2024

၁၀. ၈. ၂၀၂၃

Written by Thandar

“ကျော်ဇော်မော်ဇော်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုတော် သရုပ်ဆောင်လွှမ်းပိုင်က ဟာသဆိုတာက လွယ်မလိုနဲ့ ခက်တဲ့ပညာရပ် တစ်ခုပါလို့ ဖွင့်ဟလာပါတယ်။

အဆိုပါ Comedy ပုံစံ ဇာတ်လမ်းတွဲ အနုပညာရှင်တွေနဲ့ မီဒီယာမိတ်ဆက်ပွဲကို သြဂုတ်လ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် တော်ဝင်အိမ်ရာရှိ STORYBOARD မှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီကားကလေးက လွန်ခဲ့တဲ့ လေးလပိုင်းလောက်က ရိုက်ထားတာပါ။ အဓိကတော့ ပျော်ပျော်ပါးပါး ဟာသ ကားလေးပေါ့၊ ပရိသတ်တွေ ကြည့်ရင် ရီရမယ် ပျော်ရမှာပါ။ ပြင်ဦးလွင်မှာ ရိုက်ထားတာပါ။ အဓိက ကိုမြင့်မြတ် ဆီကသင်ရတယ်။ အကိုက ဟာသကို ဖက်ကမ်းအရမ်းကျွမ်းတယ်ဆိုတော့ ကိုယ့်က ဟာသပိုင်းတော့ နည်းနည်း ရိုက်ရင်း လေ့လာရတယ်။ ဒီကားရိုက်ရင်း ကိုယ့်ကိုကိုယ့် Confidence ပိုရှိလာတယ်။ အကိုတို့နဲ့ရိုက်ရတာ ပညာလည်းရတယ် ပျော်ဖို့လည်း ကောင်းပါတယ်။ ဟာသဆိုတာက လွယ်မလိုနဲ့ခက်တဲ့ ပညာရပ်တစ်ခုပါ”လို့ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-10_11-55-55-960x1024.jpg

ဇာတ်ညွှန်း စွမ်းပိုင်ရေးသားပြီး ဒါရိုက်တာပြည်ဟိန်းသီဟ က သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်၊ လွှမ်းပိုင်၊ သံသာမိုးသိမ့်၊ ထွန်းပုလဲ ရတနာ၊ ဂျိုကာ စတဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မတည့်အတူနေ ကျော်ကြီးအနေနဲ့ မြင့်မြတ်ရယ် ဇော်ကြီးအနေနဲ့ လွှမ်းပိုင်တို့ရဲ့ ကတောက်ကစ ဟာသတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

“တချို့ကလည်း တစ်ပတ်ကို နှစ်ရက်ထဲထုတ်လွှင့်တာမို့ ကြည့်ရတာ သိပ်အားမရဘူးလို့လည်း ပြန်ပြောကြတယ်။ စကားတွေလည်း မပိုင်ရင်ခြင်မရိုက်တဲ့ ဇော်ကြီးပုံစံဖြစ်အောင် ကြိုးစားထားပါတယ်။ နောက်ဆုံးမှာတော့ ပြိုင်ဘက်တွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဘယ်ပုံ ကျော်ခွကြမလဲဆိုတာကို ဟာသလေးတွေနဲ့ ရှုစားကြရမှာပါ”လို့ သူကဆက်ပြောပါတယ်။

အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် လွှမ်းပိုင်က အနုပညာနဲ့ ပတ်သက်ရင် ဟာသဇာတ်ရော ဒရာမာဇာတ်တွေကိုပါ သရုပ်ဆောင်လာသူလည်း ဖြစ်ပါတယ်။ အပိုင်း ၂၀ ပိုင်း ပါဝင်တဲ့ “ကျော်ဇော်မော်ဇော်” ရုပ်သံဇာတ်လမ်းတွဲကိုတော့ လက်ရှိ Hay Play application က အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်ပြလျှက်ရှိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *