October 18, 2024

၁၀. ၈. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းတွင်တည်ရှိသော ကျွန်းစုဖြစ်သည့် ဟာဝိုင်အီပြည်နယ်တွင် Big Island နှင့် Maui ကျွန်းတို့၌ တစ်ကြိမ်တစ်ခါမျှမကြုံဘူးသော တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားလျက်ရှိရာ အနည်းဆုံးလူခြောက်ဦးသေဆုံးခဲ့ရပြီဖြစ်ကြောင်း တာဝန်ရှိသူတို့က ဩဂုတ်လ ၉ ရက်က ပြောကြားခဲ့ကြသည်။

Maui ကျွန်းပေါ်ရှိ လူ ၉၀၀၀ ခန့်နေထိုင်ရာ ကမ္ဘာလှည့်ခရီးသွားနှင့် စီးပွားရေးအချက်အခြာဖြစ်သော Lahaina ဒေသ၏ နေရာအတော်များများမှာလည်း တောမီးကြောင့်ပျက်စီးကာ မိသားစုများစွာပင် နေရာပြောင်းရွှေ့မှုများ ပြုလုပ်နေရသည်။ ဟာဝိုင်အီပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုရှ်ဂရင်း က Lahaina ဒေသတွင် တောမီးလောင်မှုကြောင့် အများအပြားပျက်စီးနေသည်ကို ထုတ်ဖေါ်ပြောကြားသွားခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-08-10_11-17-33.jpg

Maui ကျွန်း၌ တောမီးလောင်ကျွမ်းမှုများအနက် အများစုက ဟာရီကိန်း ဒိုရာ တိုက်ခတ်မှုကြောင့်ပို၍ ပြင်းထန်ခဲ့ရသည်။ ဟာဝိုင်အီကျွန်းပေါ်တွင် တောမီးကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ရပြီဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ တောမီးကြောင့် အခြားခြောက်ဦးမှာလည်း ဒဏ်ရာများရခဲ့ကာ သုံးဦးမှာ မီးလောင်ကျွမ်းခံရမှုများကြောင့် ဖြစ်ကြောင်းလည်း တာဝန်ခံများက ပြောခဲ့သည်။

ဟာဝိုင်အီကျွန်းစု တစ်ခုလုံးပေါ်၌ အဆောက်အအုံအများအပြားလည်း တောမီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးကာ စုစုပေါင်းပျက်စီးမှုအတိုင်းအတာကို ခန့်မှန်းရန်မဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။ Maui ကျွန်းပေါ်တွင် တောမီးကြောင့် ဩဂုတ်လ ၉ ရက်အထိ လူ ၂,၁၀၀ ကျော်မှာ ယာယီစခန်းလေးခုတွင် ယာယီရွှေ့ပြောင်းနေထိုင်နေကြရကြောင်းသိရသည်။

Ref—–CNN

Leave a Reply

Your email address will not be published. Required fields are marked *