October 18, 2024

၁၀. ၈. ၂၀၂၃
Written By Thandar

မင်းသား ဟိန်းဝေယံရဲ့ ညီမလေးဆိုပြီး ပရိသတ်အားပေးမှု ပိုရလာတဲ့ သရုပ်ဆောင် Ella ရွှေစင် က အကိုက အရင်အိမ်ထောင်ပြုမလား ညီမက အရင်အိမ်ထောင်ပြုဖြစ်မလား မသိသေးဘူးလို့ ဆိုပါတယ်။

“ ဒီနှစ် မွေးနေ့ကတော့ ပျော်တယ်။ တကယ်လိုအပ်နေတဲ့ နေရာလေးမှာ လှူရတော့ ပီတိလည်း ဖြစ်မိတယ်။‌ မိဘတွေကတော့ ညီမကို အရမ်းတင်းကြပ်ထားတာတွေတော့ မရှိပါဘူး။ အရွယ်တစ်ခု ရောက်လာမှ အနုပညာအလုပ်ကို လုပ်ခွင့်ပြုခဲ့တာပါ။ တကယ်တော့ အချစ်က အပေးအယူမျှနေဖို့ ပိုအရေးကြီးတယ်။ အပေးအယူမမျှရင် တစ်ဖက်သတ်ပဲ ချစ်ရတာ ပူလောက်ပါတယ်။ ဒါကြောင့် ညီမလက်ရှိ အပူမရှာသေးတာပါ။ အကိုက အရင်အိမ်ထောင်ပြုမလား ညီမက အရင်အိမ်ထောင်ပြု ဖြစ်မလားမသိသေးဘူး။ ညီမတို့ မိသားစုက အိမ်မှာ အေးအေးချမ်းချမ်းပဲ နေကြတာမို့လေ မပြောတတ်သေးဘူး”လို့ သရုပ်ဆောင် Ella ရွှေစင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-09_12-34-05-682x1024.jpg

သူမကတော့ မွေးနေ့အကြို အလှူအနေနဲ့ ဩဂုတ်လ ၈ ရက်က နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အတွင်းရှိ ညောင်ရွာရပ်ကွက်မှာ လူဦးရေ ၂၀၀ စာ အတွက် ထမင်း၊ ပဲကုလားဟင်း၊ ဘဲဥဟင်း၊ ငံပြာရည်ကြော်၊ ပေါင်မုန့်၊ အအေး စတာတွေကို ကိုယ်တိုင်ကိုယ်ကျထည့်ပြီး လှူဒါန်းခဲ့ပါတယ်။ Ella ရွှေစင်ကတော့ ပုံမှန်အားဖြင့် မွေးနေ့တိုင်းကို အိမ်မှာပဲအလှူလုပ်ဖြတ်သန်းဖြစ်ပြီး နံနက်ပိုင်းမှာ ပင့်သံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် Ella ရွှေစင်ဟာ မာန်ထက်ချီ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ သမီးထွေး ဖြစ်ပြီး သရုပ်ဆောင် ဟိန်းဝေယံရဲ့ ညီမလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွဲတွေကို ရိုက်ကူးလျက်ရှိပြီး ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံး ကြိုးစားနေသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *