October 18, 2024

၉. ၈. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ပတ္တရားမြို့အတွင်း ဩဂုတ်လ ၉ ရက် နံနက် ၄ နာရီ ၄၀ ခန့်တွင် ပတ္တရားတောင်ပိုင်း၊ လမ်းသွယ် ၁၆ အဝင်ဝထိပ်၌ အိန္ဒိယကမ္ဘာလှည့်ခရီးသွားအုပ်စုတစ်ခုအတွင်း အပြင်းအထန် ခိုက်ရန်ဖြစ်ပွားခဲ့ကြရာ ဒဏ်ရာရရှိသူများကို ပတ္တရားဆေးရုံသို့ ဆေးကုသခံရန် တင်ပို့ခဲ့ရသည်။

ရန်ပွဲဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ရောက်ရှိလာခဲ့ရာတွင် အသက် ၅၂ နှစ်အရွယ် မစ္စတာဆင်း အမည်ရှိ အိန္ဒိယအမျိုးသားမှာ ညာဘက်လက်မောင်းကျိုး၍ ညာဘက်မျက်စိဒဏ်ရာရခဲ့ကြောင်း တွေ့ရှိရပြီး ဆေးရုံသို့ ပို့ခဲ့ရသည်။

အမ်ဖုန် ပရွမ်ဆရီ အမည်ရှိ မျက်မြင်တွေ့ရှိသူတစ်ဦးက မစ္စတာဆင်းမှာ အိန္ဒိယနိုင်ငံသားများအချင်းချင်း ရန် ဖြစ်နေကြရာတွင် ဝင်ရောက်ထိန်းသိမ်းရန်ကြိုးစားရာမှဒဏ်ရာများရခြင်းဟု ပြောခဲ့သည်။ ပဋိပက္ခဖြစ်ပွားမှုကိုဝင်ရောက်ရပ်တန့်ရန်ကြိုးစားရင်း ၎င်းမှာ ဒဏ်ရာများရခဲ့ခြင်းဟု ဆိုသည်။ ဒဏ်ရာရနေသူတစ်ဦးက ဆင်းအားဝင်ရောက်တိုက်ခိုက်ရန်လာသည်ဟုထင်ကာ ဘီယာပုလင်းခွံအကျိုးတစ်လုံးဖြင့် ထိုးခဲ့ခြင်းဟု သိရသည်။ ၎င်းမှာကံကောင်းစွာဖြင့် ထိုတိုက်ခိုက်မှုကိုမူ ရှောင်လိုက်နိုင်သော်လည်း မည်သည့်အတွက်ကြောင့် ခိုက်ရန်ဖြစ်ပွားမှုများဖြစ်နေသည်ကို ကောင်းစွာမသိခဲ့ပေ။

This image has an empty alt attribute; its file name is IMG_20230809_214934_915.jpg

နောက်ပိုင်းတွင် မစ္စတာဆင်းတို့၏ အုပ်စုနှင့်ခိုက်ရန်ဖြစ်ပွားသည့် အသက် ၂၈ နှစ်ရှိ မစ္စတာ ဂိုရယ်လ် ဆိုသူအိန္ဒိယနိုင်ငံသားခေါင်းဆောင်သော အုပ်စုက ၎င်းတို့အား ဆင်း၏အဖွဲ့က စတင်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ပတ္တရားရဲစခန်းတွင် ပြောကြားခဲ့သည်။ ထိုသို့တိုက်ခိုက်လာ၍ ၎င်းတို့မှာ ပြန်လည်ခုခံရခြင်းသာဖြစ်သည်ဟုလည်း ပြောခဲ့ကြသည်။

သို့ရာတွင် ခိုက်ရန်ဖြစ်ပွားသောနေရာရှိ မစ္စတာဆင်း၏ မိတ်ဆွေ ထိုင်းအမျိုးသမီးတစ်စုက ခိုက်ရန်ဖြစ်ပွားမှုတွင် ဂိုရယ်လ်၏အုပ်စုက စတင်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး ထိုသို့တိုက်ခိုက်ခြင်းမှာ ၎င်းတို့ထဲမှတစ်ဦးက ထိုနေရာရှိ ထိုင်းမိန်းကလေးများမှ တစ်ယောက်ကို နှစ်သက်ခဲ့ကြောင်း၊ သို့သော် ထိုမိန်းကလေးက တွဲဖော်တွဲဖက်၊အဆက်အသွယ် ရရှိပြီးဟု ထိုသူအား အကြောင်းကြားခဲ့ကြောင်း၊ သို့သော် လက်မခံဘဲ မိန်းကလေးအားရရှိရန်ကြိုးစားမှုမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဂိုရယ်လ်အုပ်စုက စတင် တိုက်ခိုက်ခဲ့ခြင်းဟု ပြောခဲ့ကြသည်။

This image has an empty alt attribute; its file name is IMG_20230809_214930_710-1024x578.jpg

ရဲတပ်ဖွဲ့က နှစ်ဖက်စလုံးအား စစ်မေးနေကာ မစ္စတာဆင်းကိုလည်း စစ်ဆေးမေးမြန်းသွားမည်ဟုသိရသည်။ ထို့ပြင် အချင်းဖြစ်ပွားရာနေရာရှိ စီစီတီဗီများကိုလည်းစစ်ဆေးသွားမည်ဟု ပြောခဲ့သည်။

ပတ္တရားမြို့၌ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားများအတွက် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများ တင်ဆက်နိုင်ရန် အဖွဲ့အစည်း၊ ဆိုင်ပေါင်းများစွာရှိပြီး မိန်းကလေးများနှင့် မိန်းမလျှာများကိုပါ လမ်းပေါ်တွင်စီးပွားရှာနေသည်ကိုတွေ့ရမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာလုပ်ငန်းကို ဥပဒေနှင့်မညီဟုသတ်မှတ်ထားသော်လည်း ပတ္တရားတစ်မြို့တည်း၌ပင် ပြည့်တန်ဆာ ၂၇,၀၀၀ ခန့်ရှိပြီး အများစုမှာ လမ်းပေါ်တွင် ကမ္ဘာလှည့်ခရီးသွားများအား ပစ်မှတ်ထား အသက်မွေးကြသည်။

Ref-Khaosod

Leave a Reply

Your email address will not be published. Required fields are marked *