October 18, 2024

ဓာတ်ပုံ - ကလျာဏမိတ္တလူမှုကူညီရေးအသင်း

၉. ၈. ၂၀၂၃

Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးနယ်မြေ ၆၊ ကမာနတ်ကျေးရွာမှာ ပိုက်ဆံကြေးကျောက်ဒိုးပစ်ရာကနေ ဓါးနဲ့ ထိုးသ-တ်တဲ့အထိ ဖြစ်ခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဒီကနေ့ သြဂုတ်လ ၉ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့အခြေစိုက် ပရဟိတအသင်းတာဝန်ရှိသူထံကနေ သိရပါတယ် ။

ဖြစ်စဥ်မှာ ကျွဲကြီး(ခ)ငလင်း နဲ့ ကိုဌေးတို့ နှစ်ဦး ပိုက်ဆံထောင်ပြီး ကျောက်ဒိုးနဲ့ ပစ်ကစားကြရာက စည်းခိုးတဲ့ ပြဿနာနဲ့ စကားများရန်ဖြစ်တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-09_15-54-56.jpg

“သူတို့ လူငယ်တွေတော့ မဟုတ်ကြပါဘူး။ ဓါးထိုးခံရတဲ့ ကျွဲကြီး(ခ) ငလင်းက အသက် ၃၈ ၊ ၄၀ ဝန်းကျင်။ ကိုဌေးဆို အသက် ၆၀ နီးပါးရှိပြီ။ ကိုဌေးက ကျောက်ဒိုးပစ်တော့ စည်းကနေ ခြေ တစ်လှမ်းကျော်ပစ်တာ ခေါင်ထိပြီး အကုန်စားရတော့ ငွေတစ်ထောင်ကျော် စားရတယ်။ အဲ့ဒါမို့ ကျွဲကြီးက လက်မခံဘူး စည်းခိုးတယ်ပြောရာကနေ လက်သီးနဲ့ ထိုးကြ၊ကြိတ်ကြတော့ ကိုဌေး အထိုးခံရတယ်။ မကျေနပ်တော့ အိမ်ပြန်ပြီး ငှက်ကြီးတောင်ဓါး ယူလာပြီး ပြန်ထိုးတာလို့ ပြောတယ်။ ဓါးထိုးခံရတဲ့လူက ဓါးတန်းလန်းနဲ့ ထွက်ပြေးပြီး ပစ်လဲတာကို ဓါးကို ဆွဲနှုတ်ပြီး ထပ်ခုတ်မယ်လုပ်လို့ ကျွဲကြီး ရဲ့ ကလေးကလည်း သူ့အဖေကို လုပ်တော့ ဝင်ပါတာပေါ့။ ကလေးလဲ ဓါးနဲ့ တွတ်မိတဲ့ ဒဏ်ရာတွေရပြီး ဆေးရုံတင်ထားရတယ်။ ဓါးထိုးခံရတဲ့ လူလည်း နေရာတင်ဆုံးပါတယ်။” လို့ ကလျာဏမိတ္တ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-09_15-54-53.jpg

ဓါးနဲ့ ထိုးသူ ကိုဌေး (၅၈) နှစ်မှာ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ငှက်ကြီးတောင်ဓါးကို သူ့နေအိမ်ခြံဝန်းအတွင်း လွှင့်ပစ်ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးရမိရေးအတွက် ရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။

ဓါးထိုးခံရတဲ့ ရုပ်အလောင်းကို ပဲခူးဆေးရုံကြီးရင်ခွဲရုံကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စစ်ဆေးဆောင်ရွက်မှု ပြုလုပ်နိုင်အောင် သာမဏေကျော်လူမူကူညီရေးအသင်းကားနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါ တယ်။

ဓာတ်ပုံ – ကလျာဏမိတ္တလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *