October 18, 2024

၉. ၈. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံက အသက် ၄၀ နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ မတော်တဆမှုတစ်ခုဖြစ်ပေါ်ခဲ့ရာကနေ တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့ ချစ်သူနဲ့လက်ထပ်ပြီးနောက်မှာမှ အဲ့ဒီချစ်သူက မိန်းမအစစ်မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီထိုင်းအမျိုးသားဟာ ယာဉ်မတော်တဆမှုကြောင့် ဆေးရုံတက်ခဲ့ရကာ ဆေးရုံမှာ သူဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို ဖော်ပြနိုင်တဲ့ သက်သေခံအထောက်အထားတွေ မရှိခဲ့တာကြောင့် သူခိုကိုးရာမဲ့ ဖြစ်နေချိန် ကံကောင်းထောက်မစွာနဲ့ပဲ သက်ကြီးရွယ်အိုလူနာတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် ကာလင်းက ပြုစုစောင့်ရှောက်ပေးခဲ့တာ ဖြစ်ပါတယ်။

အချိန်အတန်ကြာ ပြုစုစောင့်ရှောက်မှုတွေကနေ သူတို့နှစ်ဦးဟာ ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်ဖို့စီစဉ်ခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးလက်ထပ်ပြီးနောက်မှာတော့ သူဟာ မိန်းမအစစ်မဟုတ်ဘဲ လိင်ပြောင်းလဲထားသူဖြစ်တယ်ဆိုတာကို ကာလင်းက ထုတ်ဖော်ပြောကြားခဲ့တာပါ။

ဒါ့အပြင် ကာလင်း က သူမဟာ အရင်က သူမရဲ့ ပရဟိတ လုပ်ငန်းတွေကိုပဲ စိတ်ပါဝင်စားခဲ့တာကြောင့် အချစ်ရေးနဲ့ အိမ်ထောင်ရေးကို လုံးဝမတွေးခဲ့မိကြောင်း ဝန်ခံပြောဆိုခဲ့ပြီး ဒီအမျိုးသားကတော့ သူမရဲ့ ဘဝမှာ ပထမဆုံး ချစ်ခင်နှစ်သက်ရသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ခင်ပွန်းသည်ကလည်း သူမက လိင်ပြောင်းသူဖြစ်တယ်ဆိုတာကို သိရှိပြီးနောက်မှာတော့ အရာအားလုံးကို လက်ခံခဲ့ကာ သူမရဲ့ အိမ်ထောင်ဖက်ဖြစ်ရခြင်းအတွက် ဂုဏ်ယူမိကြောင်းလည်း ပြောကြားခဲ့ပြီး သူတို့ဟာ အခုလက်ရှိမှာတော့ နေ့ရက်တိုင်းကို အတူတကွ ပျော်ရွှင်စွာနေထိုင်နေတယ်လို့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *