October 18, 2024

၉. ၈. ၂၀၂၃
Written by Peya

ပဲခူးမြစ်ရေ မြင့်တက်နေသည့်အတွက် ရေဝင်ရောက်သောကြောင့် အကူအညီတောင်းခံသည့်အတွက် ပဲခူးမြို့ရှိ ရပ်ကွက်အချို့မှ အိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ပဲခူးမြို့ခံအချို့နှင့် ကူညီပေးနေသူများထံမှ သတင်းရရှိသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ သြဂုတ် ၉ ရက်နံနက် ၆ နာရီခွဲတွင် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေခြင်းဖြစ်ကာ လာမည့် ၂၄ နာရီအတွင်း၌ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့်ထပ်မံမြင့်တက်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားပြီး မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးနှိုးဆော်ထားသည်။

This image has an empty alt attribute; its file name is photo_2023-08-09_11-32-26-768x1024.jpg

“မြို့ထဲတော့ မဟုတ်ဘူး။ ဇိုင်တောင်တို့ ဖောင်တော်ဦးဘုရားဘက်တို့ ရေဝင်ပါတယ်။ အနိမ့်ပိုင်းမှာရှိတဲ့ အိမ်တွေက မိသားစုတွေကို ပြောင်းပေးထားပါတယ်။ ၁၂ နာရီလောက်မှာ ဆိုရင်တော့ ကျောက်ကြီးစု အပိုင်းရွှေ့ပါလိမ့်မယ်။ မြို့သစ်ဘက်ကလည်း ရွှေ့တာတွေ ရှိနေပါပြီ” ဟု အနာဂတ်ကြယ်ပွင့် သွေးအခမဲ့ နှင့် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိ မျက်မြင်အနေအထားအရ အချို့နေရာများဆိုလျှင် လူ့အရပ် ရေမြုပ်သည်အထိ ရေမြင့်တက်မှု ရှိနေသည်ကို တွေ့မြင်ရကြောင်းလည်း ၎င်းက ဆိုသည်။

This image has an empty alt attribute; its file name is photo_2023-08-09_11-32-26-2.jpg

“မနေ့က ညပိုင်း ၈ နာရီလောက်ကနေ စတက်တာပါ။ ၁၀ နာရီလောက်မှာတော့ ရွှေ့တဲ့သတင်းတွေ တွေ့တယ်။ ရေကတော့ ရိပ်ရိပ် ရိပ်ရိပ်နဲ့ တက်နေတာ” ဟု ပဲခူးမြို့ခံတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *