
MT News
၉. ၈. ၂၀၂၃
ကမ္ဘာပေါ်က ထိုင်တော်မူဆင်းတုတွေထဲ ဥာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဩဂုတ် ၈ ရက်ကစ ဖူးမြော်ခွင့်ပြုခဲ့ရာမှာ မြန်မာနိုင်ငံတစ်ဝန်းက ငြိမ်းချမ်းစွာနေထိုင်လိုသူ ဗုဒ္ဓဘာသာဝင်ထောင်သောင်းချီ လာရောက်ဖူးမြော်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီနေ့မှာလည်း မနက် ၆ နာရီလောက်ကစ လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးပြည်သူတွေ များပြားစည်ကားနေပြီး တာဝန်ရှိသူတွေက ဘေးကင်းလုံခြုံရေး စိစစ်ပေးနေပါတယ်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ပြုရာမှာ လက်ဆော့တတ်သူတွေက ကျောက်စာရုံစေတီတွေ၊ ကမ္ဗည်းတိုင်တွေမှာ စွန်းထင်းညစ်ပေအောင် လုပ်နိုင်တဲ့ ဘောပင်တွေ၊ မှင်ဖျက်တွေ၊ အိမ်သုတ်ဆေး၊ မှုတ်ဆေး၊ ဆေးရည်အမျိုးမျိုးကစ လက်သည်းဆိုးဆေး၊ နှုတ်ခမ်းနီပါယူခွင့်မပြုတဲ့အပြင် အရက်၊ ဘီယာ၊ ဆေးလိပ်နဲ့ ကွမ်းစားထားသူတွေကိုပါ ဝင်ခွင့်မပြုတဲ့အပေါ် ဘုရားကြီးသန့်ရှင်းသပ်ရပ်နေတာပဲ မြင်လိုတဲ့ဗုဒ္ဓဘာသာဝင်တွေ ကျေနပ်နှစ်သိမ့်နေကြတယ်လို့လည်း သိရပါတယ်။














