October 18, 2024

၈.၈.၂၀၂၃
Written By Thandar

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တွေရဲ့ သားသမီးတွေအတွက် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး(ဗဟို) မှာ ကျင်းပခဲ့ပါတယ်။

“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ နှစ်စဥ်နှစ်တိုင်း ကျောင်းဖွင့်ချိန်ကျရင် ရုပ်ရှင်လောက သရုပ်ဆောင်အလွှာ၊ ဒါရိုက်တာအလွှာ စတဲ့ ရုပ်ရှင်လုပ်သားအားလုံးရဲ့ သားသမီးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး အမြဲထောက်ပံ့ဖြစ်တယ်။ ဗလာ စာအုပ်၊ ဘောပင်၊ ထီး၊ ရေဘူး၊ ကျောပိုးအိတ် စတာတွေ စာရင်းအလိုက် ပေးဖြစ်တယ်။ ခုကတော့ တက္ကသိုလ်ဝင်တန်း အောင်ခဲ့လို့ရှိရင် ဂုဏ်ထူးတစ်ဘာသာပါရင် ငွေတစ်သိန်း၊ လက်ဆောင်နဲ့ ဆုတံဆိပ်တွေ စတာတွေ ပေးဖြစ်တယ်။ အခုက ၂၀၂၂ ခုနှစ်မှာ မိန်းကလေး ၃ ယောက်ပဲ ဂုဏ်ထူးပါတယ်။ အဓိက ရုပ်ရှင်လောကသားတွေရဲ့ စက်မှုလက်မှု၊ ကင်မရာစတဲ့အလွှာက သားသမီးတွေ ဆုရတာဖြစ်တယ်။ ရုပ်ရှင်အစည်းအရုံးက ထုံးစံအတိုင်း ဆုချီးမြှင့်တာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက နာယကကြီး အကယ်ဒမီ ဦးအောင်လွင်က MT News ကို ပြောပါတယ်။

လက်ရှိ နှစ်မှာတော့ စက်မှုအခြေခံအဖွဲ့ဝင်တွေရဲ့ သားသမီးဖြစ်တဲ့ သုံးဘာသာဂုဏ်ထူးရှင် မချောစုဝေကို အကယ်ဒမီ ရန်အောင်က ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ တစ်ဘာသာ ဂုဏ်ထူးရှင် မအိခြူးအောင်မိုးကို အကယ်ဒမီ ခန့်စည်သူက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး တစ်ဘာသာ ဂုဏ်ထူးရှင် မဝင်းပြည့်ပြည့်အောင်ကိုတော့ အစည်းအရုံးက တွဲဖက်အတွင်းရေးမှူး (၁) ဦးဝင်းမြိုင်တို့က ဆုကြေးအနေနဲ့ ဂုဏ်ထူးတစ်ဘာသာကို ကျပ် တစ်သိန်းနှုန်းနဲ့ ဂုဏ်ပြုဆုကတ်ပြား၊ ဗလာစာအုပ် ၆ ဒါဇင်ဆီ ပေးအပ်ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *