October 18, 2024

ကမ်းခြေဆင်းလမ်းကို ဝန်ကြီး ဦးသန်းထွန်း သွားရောက်စစ်ဆေးခဲ့စဉ် မြင်ကွင်း

၈.၈.၂၀၂၃
Written by Peya

ကမ်းခြေဆင်းလမ်းမရှိသော ရခိုင်ပြည်နယ်က ကျိန္တလီကမ်းခြေသို့ သွားလာရေးအဆင်ပြေစေရန်အတွက် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက MT News သတင်းဌာနသို့ပြောကာ ထိုသို့ ဆောင် ရွက်သည့်အတွက် ရခိုင်ပြည်နယ်တွင် အပန်းဖြေရာ ကမ်းခြေနေရာတစ်ခု တိုးလာနိုင်ကြောင်းလည်း သိရသည်။

အဆိုပါကမ်းခြေမှာ ကျိန္တလီမြို့အနီးတွင် တည်ရှိခြင်းဖြစ်ကာ လက်ရှိတွင် လမ်းဖောက်လုပ်ထားမှုမှာလည်း လာမည့်နှစ် သင်္ကြန်ကာလမတိုင်မီ ပြီးစီးနိုင်ဖွယ်ရှိနေပြီး လမ်းပြီးစီးပါက ကမ်းခြေသို့ ကားမောင်းသွားနိုင်မည်ဖြစ်သည့်အတွက် ရခိုင် ပြည်နယ်တွင်လည်း လည်ပတ်စရာ ကမ်းခြေအသစ်တစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။

“ကျိန္တလီကမ်းခြေဆိုတာက ကမ်းခြေဆင်းလမ်းမရှိတဲ့ ကမ်းခြေမျိုးမို့ ကမ်းခြေဆင်းလမ်းရှိအောင် လုပ်တာပါ။ လွန်ခဲ့တဲ့ နှစ်က တစ်ပိုင်းလုပ်ပြီးပြီ။ (ကမ်းခြေဆင်းလမ်းက) တံတားကတော့ ပေ ၂၀၀၀ ရှိပါတယ်” ဟု ဝန်ကြီးဦးသန်းထွန်းက ဆိုသည်။

အဆိုပါတံတားပြီးစီးပါက ကမ်းခြေအထိ ကားဖြင့် သွားရောက်အပန်းဖြေနိုင်မည်ဖြစ်ကာ အဆိုပါလမ်းသို့လည်း သွား ရောက်စစ်ဆေးခဲ့ကြောင်း ဝန်ကြီး ဦးသန်းထွန်း၏ ပြောကြားချက်များအရ သိရသည်။

“ခရီးသွားနေရာတစ်ခု တိုးလာနိုင်ပါတယ်။ လမ်းပေါက်ရင်တော့ စိတ်ဝင်စားလာမှာပါ။ ကမ်းခြေကတော့ လူတိုင်း စိတ်ဝင် စားပါတယ်။ နည်းနည်းတော့ Promote လုပ်ပေးရမှာပေါ့” ဟု ဝန်ကြီးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *