October 18, 2024

၈.၈.၂၀၂၃
Written By Thandar

ရေဒီယိုဓာတ်ပြား ဇာတ်ကောင်နေရာ ပါဝင်သရုပ်ဆောင်ရာကနေ ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် အဆိုတော် နေထွဋ်ကတော့ Until I Found You သီချင်းမှာ ကောင်မလေးကို လက်နမ်းလိုက်တဲ့အတွက် ကိုနေထွဋ်ကြီး လုပ်ရက်တယ်ဆိုပြီး စိတ်မကောင်းဖြစ်နေကြတာတွေရပေမဲ့ တကယ်တော့ ကောင်မလေးရသွားတာ မဟုတ်ပါဘူးလို့ ဖွင့်ဟလာပါတယ်။

“Until I Found You သီချင်းကို Cover ပြန်ဆိုထားတာပါ။ ဒီသီချင်းကို ကျွန်တော် အရမ်းလည်း ကြိုက်တယ်။ အဲဒီသီချင်းနဲ့ ပတ်သက်ပြီးတော့ အမှတ်တရတွေလည်း အများကြီးရှိခဲ့တယ်။ ဒါကြောင့် ဒီသီချင်းလေးကို ပြန်ဆိုဖြစ်တာပါ။ ပြန်ဆိုဖြစ်တဲ့ ဒီသီချင်းလေးကို ကျွန်တော့်မန်နေဂျာ မဖြိုးပကို အကူအညီတောင်းပြီး ရိုက်ခဲ့တဲ့ သီချင်းလေးပါ။ ပြန်ဆိုတေးဆိုပေမယ့် ပရိသတ်အားပေးမှု တော်တော်များခဲ့တယ်။ တချို့အတွဲတွေက ကျွန်တော့်သီချင်းလေးနဲ့ပြန်ပြီး Background သုံးပြီး ကောင်မလေးကို ရိုက်ကူးထားကြတာ ၇ တွဲ , ၈ တွဲလောက်ရှိကြလို့ ဝမ်းသာရတယ်”လို့ နေထွဋ်က ပြောပါတယ်။

သူဟာ ဘလိတ်ဆိုတဲ့ နာမည်နဲ့ အနုပညာလောက သရုပ်ဆောင်ပိုင်းကို ဝင်ရောက်ခဲ့ပြီး လက်ရှိဂီတပိုင်းမှာလည်း ပိုအားစိုက်ကာ သီချင်းတွေ လုပ်ဆောင်လာတာလည်း တွေ့ရပါတယ်။ Love Story ပုံစံ BL Series, အလွမ်းသစ်ပင်, ရန်ကုန်ညများ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးထားသူလည်း ဖြစ်ပါတယ်။

“ကိုယ့်အနီးအနားရှိသူရဲ့ လက်ကြီးကိုလည်း ကောက်မနမ်းချင်ဘူးလေ။ မဖြိုးပ လက်ကို နမ်းပါရစေ ခွင့်တောင်း ရိုက်လိုက်တာပါ။ လက်ကိုနမ်းဖို့ မုန့်ကျွေးလိုက်တယ်ပေါ့။ ကျွန်တော်တို့နှစ်ယောက်လုံးက နားလည်မှုနဲ့ ရိုက်ကူးခဲ့တာပါ။ ဘာမှ မဟုတ်ကြပါဘူး။ မဖြိုးပကို အကူအညီတောင်းရိုက်ခဲ့တာပါ။ ဘာမှမဟုတ်ကြပါဘူး။ ကိုနေထွဋ်ကြီး လုပ်ရက်တယ်ဆိုပြီး စိတ်မကောင်းဖြစ်နေကြတာ တကယ်တော့ ကောင်မလေး ရသွားတာ မဟုတ်ပါဘူး။ ကျွန်တော် ခုထိ Single ပါပဲလို့ ပြောချင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *