MT News
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေး ကျဆင်းနေသော်လည်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း အနည်းငယ်မြင့်တက်လာသဖြင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းခွဲကျော်သို့ ပြန်လည်မြင့်တက်လာခဲ့သည်။
ဩဂုတ်လ ၇ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ၁၉၃၅ ဒေါ်လာသာရှိပြီး ဈေးနှုန်းမြင့်တက်ခြင်း မရှိသော်လည်း ပြည်တွင်း၌ တစ်ဒေါ်လာဈေးနှုန်း ရောင်းဈေး ကျပ် ၄,၀၁၀ နှင့် ဝယ်ဈေး ကျပ် ၃,၃၉၀ ဖြစ်ပေါ်နေသဖြင့် အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၅၆၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၅၅၀,၀၀၀ သို့ ရောက်ရှိခဲ့သည်။
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု သတင်းထုတ်ပြန်ပြီးနောက် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုမရှိဘဲ ဇူလိုင်လ ၂၄ ရက်မှစတင်၍ ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းအထိ ခုန်တက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်လည်း ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းခြင်းမရှိဘဲ ကျပ် ၃၅ သိန်းခွဲကျော်သို့ ဆက်လက်မြင့်နေခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဩဂုတ်လ ၁ ရက်တွင် ရွှေဈေး နှုန်း ၃,၅၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၇၀ ကျပ်၊ ဩဂုတ်လ ၂ ရက်တွင် ရွှေဈေးနှုန်း ၃,၅၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ် လာ ၃,၂၈၀ ကျပ်၊ ဩဂုတ်လ ၃ ရက်တွင် ရွှေဈေးနှုန်း ၃,၅၂၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၁၀ ကျပ်၊ ဩဂုတ်လ ၄ ရက်တွင် ရွှေဈေးနှုန်း ၃,၅၂၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၆၀ ကျပ်၊ ဩဂုတ်လ ၅ ရက်တွင် ရွှေဈေးနှုန်း ၃,၅၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၈၀ ကျပ်၊ ဩဂုတ်လ ၆ ရက်တွင် ရွှေဈေးနှုန်း ၃,၅၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ် နှုန်း တစ်ဒေါ်လာ ၃,၃၈၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။