October 18, 2024

MT News

Written By Thandar

ဒါရိုက်တာမင်းဦး တတိယမြောက်ဖန်တီးထားတဲ့ “ကိုယ်ပွား”ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို ဩဂုတ်လ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော် ရိုက်ထားတာက တတိယမြောက်ကားပေါ့။ ရုံတင်တာဆိုရင် ဒုတိယမြောက်ကားပေါ့။ ဒုတိယရိုက်ထားတဲ့ကားက ရုံမတင်ဖြစ်သေးတာပါ။ ကျွန်တော့်ကို ပရိုကျူဆာကလည်း ကိုယ့်ကိုပဲ ပါဝင်ရိုက်စေချင်တာကြောင့် ဒါရိုက်တာပိုင်းရော သရုပ်ဆောင်ပိုင်းမှာ ပါဝင်ဖြစ်ခဲ့တာပါ။ အခန်းနည်းပေမယ့် နဂိုထဲက သရုပ်ဆောင်ချင်တာမို့ ပါဝင်ဖြစ်ခဲ့တာပါ။ ဒီကားက ရန်ကုန်မြို့နဲ့ ရှမ်းပြည်နယ်ဘက်တောင်ကြီးတို့ဘက်မှာ ရိုက်ကူးထားပါတယ်။ ကိုယ် ၂၀၁၉ ခုနှစ်မှာ ရိုက်ခဲ့စဉ်ကတော့ ကျေနပ်အားရမှုတွေ ရှိခဲ့တဲ့ကားပါ “လို့ ဒါရိုက်တာ မင်းဦးက ပြောပါတယ်။

This image has an empty alt attribute; its file name is 366083287_252744721044386_1715494213929393722_n-700x1024.jpg

ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်‌အနေနဲ့ ကျော်ထက်အောင် (နှစ်ကိုယ်ခွဲ) ၊ နေခြည်ဦး၊ ယမုံ၊ မင်းဦး၊ ချာလီ၊ ကောင်းစစ်သွေး၊ မင်းပိုင်၊ ထွန်းအိန္ဒြာဗို၊ မြတ်ကေသီအောင်၊ လီလီကျော်ခိုင်၊ ချစ်စနိုးဆု နဲ့ သရုပ်ဆောင်များစွာပါဝင်ထားပါတယ်။

အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးက လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ဝတ္ထုကို ဇာတ်ညွှန်းမိုးနီလွင်ကရေးသားထားပြီး သရုပ်ဆောင် ဒါရိုက်တာ မင်းဦးရိုက်ကူးထားတဲ့ အချစ်၊ ဒရာမာကြိုက်သူတွေ့ အကြိုက်တွေ့မယ့် ဒီဇာတ်ကားကို ဩဂုတ်လ ၁၁ ရက်ကစ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *