October 18, 2024

၆.၈.၂၀၂၃

Written By Thandar

ရန်ကုန်မြို့မှာ ဩဂုတ် ၆ ရက် နံနက်ပိုင်းက ဖွင့်လှစ်တဲ့ Zin U Cho Trading Co., Ltd. အရောင်းပြခန်း၂ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာ့အဆင့်ဆုတံဆိပ်များပိုင်ရှင် သဲစုက တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါ ဆိုင်ဖွင့်ပွဲအနေနဲ့ မဟာစည် သာသနာ့ရိပ်သာက ဆရာတော်တွေကို ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုတွေ ကပ်လှူခဲ့တယ်လို့လည်း သိရပါတယ်။

“အများပြည်သူတွေ ကျန်းမာရေးအတွက် ရှေးရှုပြီး ဖွင့်လှစ်တာမို့ ကြော်ငြာလည်း ရိုက်ပေးထားတယ်။ ကျန်းမာရေးအတွက် ဝင်ရောက် အနှိပ်ခံလို့ရပါတယ်။ တချို့ ညီမကို အားကစားမလုပ်တော့ဘူးလား မေးကြတယ်။ ညီမ အားက စားကိုလည်း တစိုက်မတ်မတ်လုပ်မှာပါ။ အနုပညာနဲ့ပတ်သက်ပြီး ကြော်ငြာလေးတွေ လက်ခံရိုက်ကူးသွားဖို့ ရှိပါတယ်။ သရုပ်ဆောင်အလုပ်အထိတော့ မလုပ်သေးပါဘူး”လို့ နိုင်ငံဂုဏ်ဆောင်ကမ္ဘာ့အဆင့်ဆုတံဆိပ်များပိုင်ရှင် သဲစု က MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *