October 18, 2024

MT News

Written By Thandar

SAMSUNG ရဲ့ ဖုန်းအသစ် Galaxy Z Fold5 / Z Flip5 မိတ်ဆက်ပွဲအခမ်းအနားကို ဩဂုတ် ၆ရက် ညနေ ၃နာရီက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပရာ အကယ်ဒမီ အိန္ဒြာကျော်ဇင် တက်ရောက်ခဲ့ပါတယ်။

“ဖုန်းကိုင်စရာမလိုဘဲ Selfie ဆွဲလို့ရတယ်။ အိတ်သေးသေးလေးနဲ့လည်း ဆန့်တယ်။ ပိုကြီးလာတဲ့ Flex Window လေးလည်း Customized လုပ်လို့ရလို့ ကိုယ်ပိုင်ဟန်ကို ပိုပေါ်လွင်စေတယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

အဆိုပါ အခမ်းအနားကို Snare အဖွဲ့ဝင်တွေဖြစ်တဲ့ နေဝင်းနဲ့ ဖြိုးလေး၊ အဆိုတော် သရုပ်ဆောင် ပန်းရောင်ခြယ်၊ သရုပ်ဆောင် မေတိုးခိုင်၊ သရုပ်ဆောင် ပိုးမမှီသာ ၊ Game Streamer Ice Ice စတဲ့ သူတွေ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *