October 18, 2024

MT News

Written by Naing Thuta

ဖားကန့်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ရေချိုးနေစဉ် ရုတ်တရက် မြေပြိုကျလာခဲ့ရာမှ ရေဖိအားမြင့်တက်လာပြီး ရေစီးနှင့်အတူမျောပါသွားကာ ပျောက်ဆုံးနေမှု ဩဂုတ်လ ၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၅ ရက် မွန်းလွဲပိုင်းက ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာ-အောင်သာယာကျေးရွာတွင် နေထိုင်သည့် လူလတ်ပိုင်းအမျိုးသမီးတစ်ဦး ရေချိုးနေစဉ် ရုတ်တရက်မြေပြိုကျရာမှ ရေဖိအားမြင့်တက်လာကာ ရွာလမ်းအတိုင်း ရေစီးနှင့်အတူ မျောပါသွားပြီးနောက် ကျေးရွာ၏ဘေးကပ်လျက်ရှိ ရေကန်အတွင်းသို့ကျသွားကာ နစ်မြုပ်ပျောက်ဆုံးသွားသဖြင့် ရွာသူ၊ ရွာသားများနှင့် ဒေသခံပရဟိတအသင်းအဖွဲ့များမှ ဝိုင်းဝန်းရှာဖွေခဲ့သော်လည်း ပြန်လည်တွေ့ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is 363409346_155994400851376_7145491953471773289_n.jpg

“မိုးတွေအဆက်မပျက်ရွာပြီးတော့ မြေပြိုကျလာတော့တာပဲ။ အခုပျောက်သွားတဲ့ အမျိုးသမီးက သူအိမ်မှာရေချိုးနေတဲ့အချိန် မြေပြိုလာပြီး ရေနဲ့အတူမျောသွားတာတွေ့လိုက်တယ်။ အဲ့ရေက ရွာနားကရေကန်ထဲစီးသွားတော့ သူလည်းအဲ့ထဲပဲမျောပါပြီး နစ်သွားတာဖြစ်မယ်။ ရွာကလူငယ်တွေနဲ့ ပရဟိတသမားတွေ တစ်ညနေလုံးလိုက်ရှာတာ မတွေ့ဘဲ ပျောက်နေတယ်။ အချို့အိမ်တွေပါ မြေပြိုတဲ့ထဲပါလို့ ထိခိုက်ပျက်စီးသွားသေးတယ်”ဟု ပျောက်ဆုံးနေသောအမျိုးအမီးအိမ်အနီးနေထိုင်သူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ဖြစ်ပွားခြင်းကြောင့် ၎င်းအမျိုးသမီးပျောက်ဆုံးသွားသည်သာမက အခြားသော ထိခိုက်ပျက်စီးမှုများလည်းဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။

မိုးလေဝသနှင်ဇလဗေဒဦးစီးဌာနမှလည်း ယခုရက်ပိုင်းအတွင်း ယင်းဒေသတွင် မိုးအဆက်မပျက်ရွာသွန်းကာ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားနိုင်သည်ဟု ဩဂုတ်လ ၃ ရက်နေ့က အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *