October 18, 2024

ဓာတ်ပုံ - ကရုဏာရှင် လူမှုကူညီရေးပရဟိတအဖွဲ့

၇. ၈. ၂၀၂၃
Written by Hey Mar

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ထိန်ပင်ကျေးရွာ ဆင်သေချောင်း အရှေ့ဘက်ကမ်းမှာ ဒီနေ့ သြဂုတ် ၇ ရက် နေ့လည် ၂ နာရီခန့်က ရေစီးနဲ့ မျောပါလာတဲ့ အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိဆယ်ယူခဲ့ရတယ်လို့ ကရုဏာရှင် လူမှုကူညီရေး အသင်းကနေသိရပါတယ်။

ကွယ်လွန်သူမှာ အမျိုးသားတစ်ဦးဖြစ်ကြောင်းသာသိရပြီး ခန္ဓာကိုယ်မှာ အလွန်ပျက်စီးနေတာကြောင့် မည်သူ မည်ဝါဖြစ်ကြောင်းဖော်ထုတ်လို့ မရနိုင်သေးဘူးလို့ သိရပါတယ်။

ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ဆင်သေချောင်းက အရှည်ကြီးပဲ။ ရေစီးလည်း သန်တယ်။ အထက်ဘက်က မြို့တွေလည်းများတယ်။ ကျွန်တော်တို့အသင်းက သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အလောင်းစစ်ဆေးဖို့ ရင်ခွဲရုံကို သယ်ပေးပါဆိုပြီး အကူအညီတောင်းလာတဲ့အတွက် သွားရောက် သယ်ဆောင်ပေးတာပါ။ ကျန်တဲ့ အပိုင်းတွေကတော့ ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေပါတယ်”လို့ MT News ကို ပြောပါတယ်။

အဆိုပါ ရုပ်အလောင်းကို ကရုဏာရှင်လူမှုကူညီရေး ပရဟိတအသင်းရဲ့ နိဗ္ဗာန်ယာဥ်နဲ့ နေပြည်တော် ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀) ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *