October 18, 2024

MT News

Written by Min Mahar

ထီးလင်းမြို့ရှိ”သုခိတာရာမ”ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား PDF များက သေနတ်ဖြင့် နဖူးကိုပစ်သ တ်သွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၊ အမှတ်(၂)ရပ်ကွက်(ဒေသအခေါ် အနောက်ဘက်ကျေးရွာ)၊ “သုခိတာရာမ” ဘုန်းတော်ကြီးကျောင်းတွင် သီးတင်းသုံးနေထိုင်သည့် သက်တော် ၄၂ နှစ်၊ ၀ါတော် ၂၃ ၀ါရှိသော ကျောင်းထိုင် ဆရာတော် ဦးဝိစိတ္တသာရသည် ကျောင်း၌ရှိနေစဉ်အတွင်း PDF အဖွဲ့ဝင် ၃၅ ဦးခန့်ရောက်ရှိလာပြီး ဆရာတော်အား သေနတ်ဖြင့် နဖူးကိုပစ်သ တ်သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား MT News သတင်းဌာနအနေဖြင့် စုံစမ်းမေးမြန်းခဲ့ရာ ” ဆရာတော်ကို တပ်နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီးတော့ PDF တွေက သေနတ်နဲ့နဖူးကိုတစ်ချက် ပစ်သ တ်သွားတယ်။ နိုင်ငံရေးခေါင်းစဉ်တပ်ပြီး ရဟန်းသံဃာတော်တွေကို အခုလိုသ တ်ဖြတ်နေတာကတော့ သမိုင်းရာဇဝင်ရိုင်းအောင် လုပ်နေတာနဲ့တူတူပဲ။ ဘုန်းကြီးဆိုတာ ဘုန်းကြီးအလုပ်ဘုန်း ကြီးလုပ်မှာပဲ။ ဘယ်သူ/ဘယ်အဖွဲ့စည်းကိုမှ လက်ခံစကားပြောရမယ်/မပြောရဘူး၊ အလှူခံမယ်/မခံဘူး၊ လာလှူရင်လက်ခံမယ်/လက်မခံဘူးလို့ပြောဆိုပြီး အဲ့ဒီလိုစိတ်ထားလို့ရတာမှမဟုတ်တာ။ မိတ်ဆွေနေနေ ရန်သူနေနေ ဘယ်သူကိုမဆို တစ်သမတ်ထဲစိတ်နဲ့ တရားသဘောအမြင်နဲ့ပဲ နေထိုင်ရမှာ။ ဒါဘုရားသားတော်တွေဖြစ်တဲ့ ဦးဇင်းတို့ သံဃာတော်တွေအလုပ်ပဲ။ ဒါကိုမှ ငါနဲ့မတူငါ့ရန်သူဆိုပြီး အခုလိုဘာသာသာသနာမသိ၊ ဘုရားမသိ၊ တရားမသိ၊ ငရဲမကြောက်ဘဲ သတ်ချင်သလိုသတ်နေတာကတော့ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ကိုလုပ်နေကြတာပဲ။ ဦးဇင်းကတော့ PDF မို့ စစ်တပ်မို့လို့ခွဲပြောနေတာမဟုတ်ဘူး။ ဘယ်အဖွဲ့နေနေ ဘယ်လိုလူနေနေ အခုလိုလုပ်ရပ်မျိုးကိုတော့ ရှုတ်ချကန့်ကွက်တယ်။ ဒီလိုလုပ်တဲ့လုပ်ရပ်ကိုလည်း မှန်ကန်တဲ့ နိုင်ငံရေးလို့မမြင်မိဘူး။ ငါနဲ့မတူ ငါ့ရန်သူလိုသတ်မှတ်ပြီး မဲမဲမြင်ရာရမ်းကိုက်နေတာနဲ့ပဲ တူတော့တယ်လို့ မြင်မိတယ်။ နိုင်ငံရေးကို အခြားနည်းလမ်းနဲ့ ဂုဏ်သိက္ခာရှိစွာလုပ်ကြပေါ့။ ဘုမသိ ဘမသိအများယောင်လို့ လိုက်ယောင်ကုန်တော့ ဟော့အခုလို သမိုင်းရိုင်းတဲ့ ဘယ်လူ့အဖွဲ့အစည်းမှ လက်မခံတဲ့ လုပ်ရပ်တွေလုပ်ကုန်ကြရောလိုပဲ ဦးဇင်းအနေနဲ့မြင်မိတယ်”ဟု အမည်မဖော်လိုသူ ရဟန်းတစ်ပါးက ဆိုသည်။

NUG နှင့် PDF တို့၏ နွေဦးတော်လှန်ရေးစတင်ချိန်မှ နှစ်နှစ်ကျော်ကာလအတွင်း NLD, CRPH နှင့် NUG, PDF တို့အား ထောက်ခံမှုမရှိသည့် သံဃာများစွာ သတ်ဖြတ်ခံထားရပြီး ယနေ့အထိ သံဃာအပါး ၈၀ ကျော် သ တ်ဖြတ်ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *