October 19, 2024

၇. ၈. ၂၀၂၃
Written by Pan Ei

မကြာာသေးမီက ထိုင်းနိုင်ငံက လူငယ်တစ်ဦးဟာ ရည်းစားက လမ်းခွဲသွားတဲ့နောက် ကြေကွဲပြီး ဝမ်းနည်းနေမဲ့အစား သူဝယ်ပေးထားတဲ့ ရည်းစားဟောင်းရဲ့ အဝတ်အစားတွေကို သူကိုယ်တိုင်ဝတ်ပြပြီး ပြန်လည်ရောင်းချနေတာကြောင့် အွန်လိုင်းသုံးစွဲသူတွေကို ရယ်မောစေခဲ့ပြီး နာမည်ကြီးလာခဲ့ပါတယ်။

Natthawut လို့အမည်ရတဲ့ ထိုင်းလူငယ်ဟာ အဝတ်အစားတစ်ထည်ကို ဘတ် ၁၀၀ ( မြန်မာငွေနဲ့ဆို ကျပ် ၁၀၀၀၀) နီးပါးနဲ့ ရောင်းချနေတာဖြစ်ပြီး အင်္ကျီတွေကို သက်သောင့်သက်သာရှိမရှိ ကိုယ်တိုင်ကိုယ်ကျ စမ်းဝတ်ကြည့်ကာ အရည်အသွေးကောင်းမွန်တာတွေကို ရောင်းချနေတာလို့ ပြောကြားခဲ့သလို ခုလိုရောင်းချနေရတာတွေအတွက် နောင်တမရဘဲ သူဝယ်ပေးခဲ့တဲ့ အဝတ်အစားဖိုးတွေ ပြန်လည်ရရှိဖို့လည်း မျှော်လင့်ထားတယ်လို့ သူကပြောခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-07_15-31-09-2-525x1024.jpg

Natthawut နဲ့ သူ့ရည်းစားဟောင်းဖြစ်သူ မိန်းကလေးတို့ ပြတ်စဲခဲ့တာဟာ လေးလ နီးပါးရှိခဲ့ပြီဖြစ်ကာ သူ့ရဲ့ ရည်းစားဟောင်းက အဝတ်အစားတွေမယူသွားတာကြောင့် သူ့ဆီမှာ အဝတ်အစား ၂၀၀ လောက် သောင်တင်နေခဲ့တာပဲဖြစ်ပါတယ်။

သူ အဝတ်အစားတွေ ငါးထည် စတင်ရောင်းချပြီးနောက် ချက်ချင်းဆိုသလိုပဲ သုံးထည် ရောင်းထွက်ခဲ့ပြီး သူ့ရဲ့ ရည်းစားဟောင်းကလည်း အဝတ်အစားတွေရောင်းရငွေနဲ့ ပတ်သက်ပြီး သူ့ဆီကို လာမဆက်သွယ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *