October 19, 2024

MT News

Written by Naing Thuta

ဟားခါးမြို့၊ အထက(၃)ကျောင်းရှိ စာသင်ခုံအဟောင်းများထားသည့် နှစ်ထပ်အဆောက်အဦ ၁ လုံး ဩဂုတ်လ ၅ ရက်ညနေစောင်းပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၅ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်က ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၊ ချယ်ရီလမ်းပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စာသင်ကြားခြင်းမရှိသည့် စာသင်ခုံအဟောင်းများထားသော အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ သွပ်မိုးအုတ်ညှပ်နှစ်ထပ်အဆောက်အဦ ၁ လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 363356873_156071647510318_419467900153419837_n.jpg

အဆိုပါမီးလောင်ကျွမ်းရာသို့ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်း ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင် ၁၆ ဦး၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပရဟိတအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၆ နာရီ ၃၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆နာရီ ၄၀ မိနစ်တွင် မီးလုံးဝ ငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းအား စုံစမ်းစစ်ဆေးလျက်ရှိပြီး မီးလောင်မှုကြောင့်အဆောက်အဦဆုံးရှုံးမှုတန်ဖိုးမှာ ၄၀၅၀၀၀၀ ကျပ်ခန့်ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် လူ၊ တိရိစ္ဆာန် တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။

This image has an empty alt attribute; its file name is 365293741_156071690843647_6994234348470354110_n.jpg

 

Leave a Reply

Your email address will not be published. Required fields are marked *