October 18, 2024

၇. ၈. ၂၀၂၃
Written By Thandar

“တွယ်တာနှောင်ကြိုး” ဇာတ်လမ်းတွဲမှာ အိမ်ထောင်သည် ဇာတ်ရုပ်အတွက် ဇာတ်ကားထဲမှာ လှနေဖို့ထက် ကာရိုက်တာပီပြင်ပြီး သဘာဝကျဖို့ ဦးစားပေးဖြစ်တယ်လို့ သရုပ်ဆောင် အေးချမ်းမောင်က ဆိုပါတယ်။

“ဒီဇာတ်ကားမှာ ကျွန်တော်က အိမ်ထောင်သည်ယောက်ျားပုံစံ လုပ်ရမဲ့ ကာရိုက်တာက တစ်ခါမှ မလုပ်ဘူးတာလည်းဖြစ်တယ်။ အသက်ရပြီး တည်ငြိမ်တဲ့အိမ်ထောင်သည် လူအောင်စိုးဇာတ်ရုပ်က ကျွန်တော့် အတွက်စိန်ခေါ်မှုလည်း များတယ်။ ဒီဇာတ်ကားရိုက်နေချိန်မှာလည်း အိမ်ထောင်ရှိတဲ့ ယောက်ျားတစ်ယောက်လိုပဲ စိတ်ကိုထည့်ထားတယ်။ ပြဿနာတစ်ခုကိုရှင်းနေတဲ့ ခံစားတဲ့စိတ်ကို ထည့်ထားရတော့ တော်တော်စိတ်လေးရတယ်။ ကျွန်တော် ဇာတ်ကားထဲမှာ လှနေဖို့ထက် ကာရိုက်တာပီပြင်ပြီး သဘာဝကျဖို့ ဦးစားပေးဖြစ်တယ်”လို့ သရုပ်ဆောင် အေးချမ်းမောင်ကပြောပါတယ်။

လက်ရှိ Mahar Application ထုတ်လွှင့်နေလျှက်ရှိတဲ့ သားသမီးနဲ့ မိဘကြားက သံယောဇဉ်ကို ဖော်ကျုးထားတဲ့ ”တွယ်တာနှောင်ကြိုး”ဇာတ်လမ်းတွဲမှာတော့ သူက သဘာဝနဲ့ ဇာတ်ရုပ်ကို ကြိုက်နှစ်သက်မို့ သေချာမုဒ်သွင်းပြီး ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-07_12-11-02-683x1024.jpg

“အိမ်ထောင်သည် တစ်ယောက်ဖြစ်လာရင် အဓိကစိတ်ကို အလိုမလိုက်ဖို့ ပြောချင်တယ်။ လူပျိုဘဝမှာ ကိုယ် လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိတယ်။ မှားချင်တာ မှားပိုင်ခွင့်ရှိတယ်။ ပြန်ပြင်လုပ်လည်း ရတယ်။ ဖြေရှင်းလို့လည်း ရတယ်ဆိုပေမယ့် အိမ်ထောင်ကျသွားပြီ ဆိုရင်တော့ ဒါတွေက လူပျိုဘဝနဲ့မဆိုင်တော့ဘူး။ အိမ်ထောင်သည်ဖြစ်သွားရင် အမှားလုံးဝမရှိအောင် နေသင့်တယ်”လို့ သူကဆက်ပြောပါတယ်။

သူ့ဟာ ကြီးမြတ်သောမာတာ၊ တုနှိုင်းမရတဲ့မေတ္တာ၊ ရခဲ့သမျှအရာရာ၊ ရပ်ကွက်ကြီး (၅)၊ ဆုံစည်းခွင့်၊ Only You သူ့တစ်ယောက်သာ၊ သမီးဆိုး၊ တမြေ့မြေ့မိုး၊ ချိုခါးဆိမ့်သက် အချစ်တစ်ခွက် စတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေအပြင် ပလေယာ၊ ပုရိသ၊ ရည်းစားရွေးနည်း စတဲ့ ရုပ်ရှင်ကားတွေမှာလည်း သရုပ်ဆောင်ထားသူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *