၇. ၈. ၂၀၂၃
Written by Pan Ei
မကြာသေးမီက “X” လို့ အမည်ပြောင်းခဲ့တဲ့ Twitter ရဲ့ ပိုင်ရှင် ကမ္ဘာကျော် ဘီလျံနာ အီလွန်မတ်စ် နဲ့ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ပိုင်ရှင် မာ့ခ် ဇူကာဘာ့ဂ်တို့ ပြီးခဲ့တဲ့ ဇွန်လက လှောင်အိမ်ထဲမှာ ထိုးသ-တ်ဖို့ သဘောတူခဲ့ကြရာ သူတို့ကြားက ပြိုင်ဆိုင်မှု ထိုးသ-တ်ပွဲကိုတော့ X မှာ ထုတ်လွှင့်သွားမယ်လို့ အီလွန်မတ်စ်ရဲ့ အဆိုအရ သိရပါတယ်။
မနေ့က သူ့ရဲ့ တွစ်တာအကောင့်မှာ အီလွန်မတ်စ်တင်ခဲ့တဲ့ ဖော်ပြချက်အရ သူဟာ တစ်နေ့လုံး အလေးမနေပြီး တိုက်ပွဲအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူဟာ ပွဲကရရှိလာမယ့် အကျိုးအမြတ်တွေအကုန်လုံးကို စစ်မှုထမ်းဟောင်းတွေအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အီလွန်မတ်စ်ဟာ သူတို့ ထိုးသတ်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားခြင်းမရှိသေးပါဘူး။
ဇူကာဘာ့ဂ် ကလည်း အီလွန်မတ်စ်ရဲ့ ပြောကြားချက်ကို တုံ့ပြန်တဲ့အနေနဲ့ “လှူဒါန်းဖို့အတွက် ပိုက်ဆံ အမှန်တကယ် စုဆောင်းနိုင်အောင် ပိုပြီး ယုံကြည်စိတ်ချရတဲ့ ပလက်ဖောင်းကို မသုံးသင့်ဘူးလား” ဆိုပြီး Threads မှာ တင်ခဲ့သလို “အီလွန်မတ်စ် ပထမဆုံးစပြီး စိန်ခေါ်ခဲ့တုန်းက သူက ဩဂုတ်လ ၂၆ ရက်နေ့မှာ ထိုးသတ်ဖို့ အကြံပြုခဲ့ပေမဲ့ အီလွန်မတ်စ်က အတည်မပြုခဲ့ဘူး” လို့ ပါ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Meta ကနေ အီလွန်မတ်စ်ရဲ့ Twitter ကို ပြိုင်ဆိုင်ဖို့ Twitter လိုမျိုး စာသားအခြေခံ စကားပြောဆိုမှုအက်ပလီကေးရှင်း Threads ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်က စတင်မိတ်ဆက်ခဲ့ရာ အီလွန်မတ်စ်နဲ့ ဇူကာဘာ့ဂ်တို့ရာ ယှဉ်ပြိုင်မှုဟာ ပိုမိုပြင်းထန်လာခဲ့ပြီး သူတို့ရဲ့ ထိုးသ-တ်ပွဲ အမှန်တကယ်ဖြစ်လာခဲ့ရင်တော့ ကမ္ဘာတဝှမ်းက ကြည့်ရှုသူတွေအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်စေမှာ အသေအချာပါပဲ။
Ref; CNN