
၇. ၈. ၂၀၂၃
Written by Nay Moe
NUG ဩဇာခံ PDF များက ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drone ယာဉ်များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း သံဃာအပါး ၈၀ နှင့် သီလရှင်ဆရာကြီးတစ်ပါး ပျံလွန်တော်မူထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးသည်။
ယခု အပါး ၈၀ မြောက် သ-တ်ဖြတ်ခံရသည့် ရဟန်းတော်မှာ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၊ အမှတ်(၂) ရပ်ကွက် ဒေသအခေါ် အနောက်ဘက်ကျေးရွာရှိ “သုခိတာရာမ” ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဥူးဝိစိတ္တသာရ၊ သက်တော်(၄၂)နှစ်၊ ဝါတော် (၂၃)ဝါ၊ (ခမည်းတော်) ဦးခေါဂေသည် ဘုန်းတော်ကြီးကျောင်း၌ရှိနေစဉ် ဩဂုတ်လ ၃ ရက် နေ့လယ် ၁၂ နာရီတွင် PDF ၃၅ ဦးခန့်ရောက်ရှိလာပြီး ဆရာတော်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဆရာတော် ဥူးဝိစိတ္တသာရတွင် နဖူးကျည်ထိမှန် ဒဏ်ရာတစ်ချက်ရရှိကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များအား လိုက်လံသ-တ်ဖြတ်နေသည့် NUG နှင့် PDF များ၏ လိုက်လံသ-တ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၈၀ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါဖြစ်စဉ်မှ သံဃာတော်တစ်ပါးအား ပစ်ခတ်သ-တ်ဖြတ်မှု ကျူးလွန်ခဲ့သည့် PDF များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စုံစမ်းရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။