
MT News
Written by Min Mahar
မတ္တရာမြို့နယ်တွင် နေအိမ်ဘုရားခန်းရှေ့တန်းလျား၌ အိပ်ပျော်နေသော အမျိုးသားကြီးတစ်ဦးအား PDF များက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ဓားဖြင့်ပါ ခု တ်၍ သ တ်ဖြ တ်သွားမှု ဩဂုတ် ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စုရှိ အောင်သပြေကျေးရွာတွင်နေထိုင်သည့် အသက် ၆၁ နှစ်ဝန်းကျင်ရှိသော အမျိုးသားကြီးသည် နေအိမ်ဘုရားခန်းရှေ့ တန်းလျား၌ အိပ်ပျော်နေစဉ် PDF များ ရောက်ရှိလာပြီးသေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ဓားဖြင့်ပါခုတ်ဖြတ်ကာ သ တ်ဖြ တ်သွားသဖြင့် သေဆုံးသွားကြောင်း သိရသည်။
ထိုကဲ့သို့ ပစ်ခတ်သ တ်ဖြ တ်ခံရသောအမျိုးသားကြီးသည် ယာဘက်ချိုစောင်းမှ ကျည်ဖောက်ဝင်သွားပြီး ဝဲဘက်နားနောက်ကို ပြန်လည်ကျည်ဖောက်ထွက်သွားသည့် ဒဏ်ရာ ၂ ချက်နှင့် ဝဲဘက်ဒူးခေါင်းပြတ်ရှသွားသောဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၃ ချက်)တို့အသီးသီးရရှိပြီး သေဆုံးသွားကြောင်း သ တ်ဖြ တ်ခံရသည့် မိသားစုဝင်တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါအခင်းဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။