MT News
Written by Min Mahar
ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မြို့နယ်ဦးစီးမှူးအား ဩဂုတ် ၃ ရက် ညပိုင်းအချိန် PDF နှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၃ ရက် ည ၇ နာရီ ၃၀ ခန့်က ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်စည်ပင်သာယာရေးကော် မတီအဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦး……..သည် အလုပ်ကိစ္စဖြင့်အပြင်သွားပြီး ကားဖြင့်ပြန်လာစဉ် မြစ်ကြီးနားမြို့၊ ဂျာမိုင်ကောင်း သံလမ်းကူးအနီးသို့အရောက် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် အနောက်မှလိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားသဖြင့် ဒေသခံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသေနတ်ဖြင့်ပစ်ခတ်သူများအား နယ်မြေခံရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူထားပြီး အမြန်ဆုံးဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း နမ္မတီးမြို့ စည်ပင်သာယာရေးရုံးမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးအား PDF အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးကြောင်း အဖမ်းခံရသည့်သူနှင့်ဆွေမျိုးတော်စပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။