MT News
Written by Min Mahar
မြင်းခြံမြို့နယ်၊ နဘူးအိုင်ဈေးသို့ ဈေးဝယ်သွားသည့် အမျိုးသားကြီးတစ်ဦးအား အမည်မသိအမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားမှု ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၄ ရက် မနက် ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် နေထိုင်ပြီးတောင်သူလုပ်ကိုင်နေသည့် အသက် ၆၅ နှစ်အရွယ်အမျိုးသားကြီးတစ်ဦးသည် ဆိုင်ကယ်ဖြင့်နေအိမ်မှတစ်ဦးတည်း”နဘူးအိုင်ဈေး”သို့ ဈေးဝယ်ရန်သွားရောက်ခဲ့ရာ နဘူးအိုင်ကျေးရွာဈေး၏အရှေ့ဘက်သို့ရောက်ရှိစဉ် အမည်မသိအမျိုးသားသေနတ်သမားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ဈေး၏တောင်ဘက်မှထွက်လာကာ စျေးဝယ်လာသည့်အမျိုးသားကြီးအနီးသို့အရောက် သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် နှာတံထိပ်တည့်တည့်ကို ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိကာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့သဖြင့် အလောင်းအား နံနက် ၉ နာရီ ၄၅ မိနစ်တွင် မြင်းခြံမြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ထားရှိခဲ့ကြောင်း သေဆုံးသူမိသားစုဝင်များနှင့် ခင်မင်ရင်းနှီးသူတစ်ဦးထံမှ သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဖြစ်စဉ်နေရာအနီးမှ ၉ မမ LUGER ကျည်ခွံ ၁ ခုအား သိမ်းဆည်းရရှိခဲ့ကာ သေနတ်ဖြင့်ပစ်ခတ်သွားသည့် တရားခံအား အမှုဖွင့်ထားပြီး အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းမှုများဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူထံမှ သိရသည်။