၅. ၈. ၂၀၂၃
Written by Pan Ei
အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်က စုံတွဲတစ်တွဲဟာ သူတို့ရဲ့ ရှစ်လသားအရွယ် သားငယ်လေးကို iPhone 14 ဝယ်နိုင်ဖို့ ရောင်းစားခဲ့တယ်ဆိုတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်တစ်ခု အိန္ဒိယမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့ပါတယ်။
ကလေးငယ်ရဲ့ မိခင် ဆသီ လို့ အမည်ရတဲ့ အိန္ဒိယအမျိုးသမီးကတော့ ကလေးကို ရောင်းစားမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး ဖခင် ဂျေဒပ် ကတော့ ထွက်ပြေး တိမ်းရှောင်နေလျက်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဖော်ပြခဲ့ပါတယ်။
သူတို့ ဇနီးမောင်နှံ ဂျေဒပ်နဲ့ ဆသီ တို့ဟာ ၀င်ငွေနည်းပါးတာကြောင့် ငွေကြေးပြဿနာတွေကြားကနေ iPhone 14 ကို လိုချင်ခဲ့ကြပြီး ကလေးငယ်လေးကိုရောင်းချခဲ့ခြင်းဖြစ်ကာ သူတို့ရဲ့ အိမ်နီးချင်းတွေက ကလေးကိုမတွေ့တော့ဘဲ သူတို့ iPhone 14 သုံးနေတာတွေ့တာကြောင့် မသင်္ကာလို့ ရဲတိုင်လိုက်ရာကနေ အဖြစ်မှန်ပေါ်ပေါက်ခဲ့တာပါ။
ကံကောင်းထောက်မစွာနဲ့ပဲ ကလေးငယ်ကိုတော့ ငွေပေးချေထားတဲ့ လူရဲ့လက်ထဲမှာ ပြန်လည်တွေ့ရှိခဲ့ပြီး အခုလက်ရှိမှာတော့ ဂျေဒပ်နဲ့ ဆသီ တို့ဟာ လူကုန်ကူးမှုနဲ့ စွဲချက်တင်ခံထားရသလို မူးယစ်ဆေးဝါးသုံးစွဲမှု စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
တရုတ်နိုင်ငံ၊ ဖူဂျီယန်ပြည်နယ်မှာလည်း အလားတူဖြစ်ရပ်အနေနဲ့ ဆယ်ကျော်သက်စုံတွဲတစ်တွဲက သူတို့ရဲ့ ၁၈ ရက်သားကလေးငယ်ကို အမေရိကန်ဒေါ်လာ ၃,၅၃၃ ဒေါ်လာနဲ့ ရောင်းချတာ ဖြစ်ပွားခဲ့ဖူးပြီး နောက်ပိုင်းမှာ ဖခင်ဖြစ်သူက ထောင်ဒဏ် ၃ နှစ်နဲ့ မိခင်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။
Ref; The Straits Times