၅. ၈. ၂၀၂၃
Translated by Htwe Ko Tun
စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့လေဆိပ်၌ ရုရှားနိုင်ငံသား ခရီးသွားနှစ်ဦးထံမှ ဒေါ်လာ ကိုးသန်းကျော်(ယူရိုငွေ ၈ ဒသမ ၅ သန်းခန့်) တန်ဖိုးရှိသော ကျောက်မျက်ရတနာများနှင့် ငွေသားတို့ပါဝင်သော ဝန်စည်စလယ်ထည့် ခရီးသွားသေတ္တာကို ခိုးယူခဲ့သော လူနှစ်ဦးအား စပိန်ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း ဩဂုတ်လ ၄ ရက်တွင် ပြောခဲ့သည်။
၎င်းတို့နှစ်ဦးက ဩဂုတ်လ ၂ ရက်တွင် ထိုကဲ့သို့ ခိုးယူမှုပြုခဲ့ခြင်းဖြစ်ပြီး လေဆိပ်တွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာများမှတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ၎င်းတို့က အခြားသော ခရီးသည်များထံမှလည်း ဤကဲ့သို့ပင် ကျောက်မျက်ရတနာများနှင့်ငွေများခိုးယူခဲ့ကြသေးကြောင်း သိရသည်။
ရုရှားနိုင်ငံသား နှစ်ဦးထံမှ ခိုးယူခဲ့သော ခရီးသွားသေတ္တာနှင့်အတူ အဖိုးတန်လက်ကောက်တစ်ခုနှင့် ယူရိုငွေ ၂၀,၀၀၀ တန်ဖိုးရှိ ငွေသားအမျိုးမျိုးအပါအဝင် ၎င်းတို့၏ပစ္စည်းများကို ကားနောက် ကုန်တင်ခန်းတွင်ထည့်လျက် ဘာစီလိုနာမှ ထွက်ခွာရန်ကြိုးစားနေကြစဉ် ရဲတပ်ဖွဲ့က ၎င်းတို့ကိုဖမ်းမိခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံသား ခရီးသွားနှစ်ဦးက Emirates လေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါရန်ဖြစ်ပြီး ၎င်းတို့၏ခရီးသွားအိတ်များတွင် ဒေါ်လာ ၅ သန်းခန့်တန်သော ၄၇ ကာရက်ရှိ လက်ကောက်တစ်ခုအပါအဝင် အဖိုးတန်နာရီများနှင့်ကျောက်မျက်ရတနာများပါရှိကြောင်းလည်း သိရသည်။
Ref—– People.com