MT News
၅.၈. ၂၀၂၃
ကမ္ဘာပေါ်က ထိုင်တော်မှုဆင်းတုတော်တွေထဲ ကမ္ဘာ့အကြီးဆုံးဖြစ်လာတဲ့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာမှာ Google Earth ပုံရိပ်တချို့မှာ လျှောက်လမ်းပုံရိပ်ဟာ ကွေးကောက်နေတဲ့အသွင် တွေ့မြင်ရပေမဲ့ မြေပြင်အမြင့် ပေ ၈၀၀ ကနေ ပေ ၁၄၀၀ အကြား ရိုက်ကူးထားတဲ့ ပုံရိပ်တွေမှာတော့ ဆင်းတုတော်နဲ့ စေတီတော်တည်ထားမှုတွေပါဝင်တဲ့ ဘုရားပရဝဏ်ဟာ ညီညာဖြောင့်တန်းနေတဲ့ ပုံရိပ်အမှန်ကို တွေ့မြင်ရပါတယ်။
“Google Earth က ပုံရိပ်မမှန်တဲ့ ဓာတ်ပုံတွေယူပြီး
မာရဝိဇယဘုရားဟာ ကွေ့ကောက်နေတယ်ဆိုပြီး
မှားယွင်းတဲ့ပုံရိပ်ကို အသုံးချ
ပုပ်ခတ်တိုက်ခိုက်ရေးသားနေတာတွေ ရှိနေသလို
Google Map မှာဆိုရင်လည်း ဘုရားရဲ့ တည်နေရာကို
နှစ်နေရာပြထားပြီး တစ်နေရာက နေရာအမှန်ဖြစ်နေပေမဲ့
တစ်နေရာကတော့ တောနက်ထဲ လူသူဝေးရာကို ပြထားတဲ့
တည်နေရာအတုကိုလည်း ပြထား…”
Google Eatth ကနေ ရိုက်ကူးတဲ့ ကောင်းကင်ဓာတ်ပုံတွေဟာ လေထုအလွှာ၊ လေအပူချိန်၊ လေသိပ်သည်းဆ စတာတွေကို ဖြတ်လာတဲ့ အလင်းယိုင်ကိန်းတွေ၊ Lens Distortions တွေကြောင့် ပုံထွက်မမှန်တာ ရွဲ့တာစောင်းတာ ရှည်ထွက်တာတွေ ဖြစ်တတ်ပြီး အဲဒီလို မူရင်းပုံရိပ်တွေနဲ့ ကွာဟနေတဲ့ရယ်စရာပုံတွေကို Google Earth က ရိုက်ကူးပြီး သူ့ပလက်ဖောင်းပေါ် တင်တာတွေနဲ့ပတ်သတ်လို့လည်း ဟာသလုပ်တင်နေတဲ့ ရုပ်သံတွေ ရှိနေပါတယ်။
လက်ရှိမှာဆိုရင်လည်း အဲဒီလို Google Earth က ပုံရိပ်မမှန်တဲ့ ဓာတ်ပုံတွေယူပြီး မာရဝိဇယဘုရားဟာ ကွေ့ကောက်နေတယ်ဆိုပြီး မှားယွင်းတဲ့ပုံရိပ်ကို အသုံးချပုပ်ခတ်တိုက်ခိုက်ရေးသားနေတာတွေ ရှိနေသလို Google Map မှာဆိုရင်လည်း ဘုရားရဲ့ တည်နေရာကို နှစ်နေရာပြထားပြီး တစ်နေရာက နေရာအမှန်ဖြစ်နေပေမဲ့ တစ်နေရာကတော့ တောနက်ထဲ လူသူဝေးရာကို ပြထားတဲ့ တည်နေရာအတုကိုလည်း ပြထားတာ တွေ့ရပါတယ်။ အခြားသော တိုက်ခိုက်မှုအဖြစ်လည်း ရုပ်ပွားတော်ရဲ့ တည်နေရာပြအမည်ကိုလည်း Crying Buddha လို့ အမည်ဖျက်ရေးသားနေတာကြောင့် ဗုဒ္ဓဘာသာဝင်တွေက Smiling Buddha လို့ အမည်ပြန်ပြောင်းဖို့ ဝိုင်းဝန်းကြိုးစားနေကြပါတယ်။