၅. ၈. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာ ဩဂုတ်လ ၄ ရက်က စတင်ပြီး ဩဂုတ်လ ၁၃ ရက်အထိ ၁၀ ရက်တိုင်တိုင် မြန်မာ့စပါးအုံးမြွေ အမဲလိုက်ပြိုင်ပွဲကို ကျင်းပနေပြီး အမေရိကန်နဲ့ ကမ္ဘာတဝှမ်းက ထောင်နဲ့ချီတဲ့ လူတွေက မြန်မာ့စပါးအုံးမြွေများစွာကို အမဲလိုက်ပြီး သတ်ဖို့ မျှော်လင့်ချက်နဲ့ ပြိုင်ပွဲဝင်နေကြပါတယ်။
မြန်မာ့စပါးအုံးမြွေ အမဲလိုက်ပြိုင်ပွဲကို ကျင်းပရတဲ့ အကြောင်းအရင်းမှာ ကျူးကျော်မျိုးစိတ် မြန်မာ့စပါးအုံးမြွေတွေဟာ ဖလော်ရီဒါရဲ့ ဇာတိငှက်တွေ၊ နို့တိုက်သတ္တဝါတွေ၊ ငါးတွေနဲ့ တွားသွားသတ္တဝါတွေ အပါအဝင် ရှားပါးပြီး ထူးခြားတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစုံကို ခြိမ်းခြောက်လျက်ရှိတာကြောင့် ဂေဟစနစ်ကို ထိန်းသိမ်းဖို့အတွက် လုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဖော်ပြထားပြီး ဆုကြေးအနေနဲ့က စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀,၀၀၀ (မြန်မာငွေနဲ့ဆို ကျပ်သိန်း ၉၀၀ ဝန်းကျင်) အထိ ချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံအပြင် ကနေဒါ၊ ဘယ်လ်ဂျီယံနဲ့ လတ်ဗီးယားနိုင်ငံတို့က နှစ်စဉ်ပါဝင်သူ ရာနဲ့ချီရှိတဲ့ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်သူတွေက ပွဲစီစဉ်သူတွေ သတ်မှတ်ထားတဲ့နေရာတွေမှာ မြန်မာ့စပါးအုံးမြွေတွေကို ဖယ်ရှားရမှာဖြစ်ပြီး အဲ့ဒီနေရာတွေက ဖယ်ရှားထားတဲ့ မြန်မာ့စပါးအုံးမြွေတွေကိုသာ ပြိုင်ပွဲမှာ တရားဝင်ထည့်သွင်းမှုအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ ဒီပြိုင်ပွဲကို People for the Ethical Treatment of Animals (Peta) အပါအဝင် တိရစ္ဆာန်အခွင့်အရေးအဖွဲ့အချို့က ဝေဖန်မှုတွေရှိနေပြီး ဒေသခံ ထိန်းသိမ်းရေးသမားတွေကတော့ ဖလော်ရီဒါပြည်နယ် Everglades မှာ မြန်မာ့စပါးအုံးမြွေတွေကျရောက်တဲ့ အန္တရာယ်ကို တားဆီးဖို့အတွက် ဒီပြိုင်ပွဲက အရေးကြီးတယ်လို့ ပြောကြပါတယ်။
Ref; WION