၅. ၈. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ ကုန်တင်ရထားတစ်စင်းက သံလမ်းကို ဖြတ်ကူးနေတဲ့ ကုန်တင်ကားတစ်စီးကို ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူရှစ်ဦး သေဆုံးပြီး လူ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းမီးရထားအေဂျင်စီက ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရဲ့ အရှေ့ဘက် ချာချောင်ဆောင်ပြည်နယ်မှာ သြဂုတ်လ ၄ ရက် မနက်က မီးရထားလမ်းကို ငါးတွေသယ်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီးက ခွင့်ပြုချက်မဲ့ ဖြတ်ကျော်ခဲ့တာကြောင့် ယာဉ်တိုက်မှုဖြစ်ခဲ့ရတာဖြစ်ပြီး ရထားမောင်းသူက သတိပေးဟွန်းကို တီးခဲ့ပေမဲ့လည်း ထရပ်ကားကို မထိမီ မရပ်တန့်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ကုန်တင်ရထားနဲ့ ကုန်တင်ကားတိုက်မှုမှာ အမျိုးသားငါးဦးနဲ့ အမျိုးသမီး သုံးဦး သေဆုံးခဲ့တယ်လို့ သိရပြီး နောက်ထပ် လေးဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ လူအသေအပျောက်များတဲ့ ယာဉ်မတော်တဆမှုတွေက အရှိန်လွန်ခြင်း၊ အရက်မူးပြီး မောင်းနှင်ခြင်းနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတုန်းကလည်း ဘာသာရေး အခမ်းအနားတစ်ခုအတွက် ခရီးသည်တွေကို တင်ဆောင်လာတဲ့ ကုန်တင်ရထားတစ်စီး တိမ်းမှောက်ခဲ့လို့ လူ ၁၈ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
Ref; AFP