၅. ၈. ၂၀၂၃
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာမှာ မနေ့က သြဂုတ် ၄ ရက်၊ ညနေ ၆ နာရီကျော်မှာ ကလေးငယ်တစ်ဦးအပေါ် ခြံစည်းရိုးအုတ်တိုင်ကျိုးကာ ပိမိပြီး ရရှိတဲ့ ဒဏ်ရာတွေနဲ့သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက MT News ကို ပြောပါတယ် ။
ဖြစ်စဥ်က မိတ္တီလာမြို့နယ် တောမကျေးရွာ နယ်မြေ (၅)မှာနေထိုင်တဲ့ အသက် ၇ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးက ဘောလုံးကန် ဆော့ကစားနေရင်း ကျေးရွာအတွင်း လူမနေထိုင်တဲ့ နေအိမ်ဝန်းထဲကို ဘောလုံးကျသွားတာကြောင့် ဝင်ရောက်ကောက်ယူဖို့အတွက် တိုင်စိုက်ကာ သံဇကာခပ် ကာရံထားတဲ့ ခြံစည်းရိုးရဲ့ သံဇကာကို ဆွဲဟပြီးဖြဲရာက အုတ်တိုင်ပြိုကျကာ ပိမိတာဖြစ်ကြောင်း သိရပါတယ်။
“ခြံစည်းရိုး အုတ်တိုင်အောက်ခြေက ကျိုးပြီး ကလေးအပေါ်ပိတာ၊ မျက်နှာ၊ နောက်စေ့၊ နှာခေါင်းနဲ့ပါးစပ်တွေကနေ သွေးထွက်ဒဏ်ရာတွေ ရနေလို့ ဆေးခန်းပို့တာမှာ လမ်းတင်ဆုံးပါတယ်”လို့ မိတ္ထီလာမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ – မိတ္ထီလာမြို့ ဒေသခံတစ်ဦး