MT News
ပြည်ထောင်စုတရားသူကြီးချုပ်အပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ယနေ့တွင် ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့ ခန့်အပ်တာဝန်ပေးမှုများအရ ပြည်ထောင်စုတရားသူကြီးချုပ်မှာ ဦးသာဌေးဖြစ်လာခဲ့ပြီး ဦးအောင်ဇော်သိန်းမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည်ဖြစ်သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်မှာမူ ဒေါက်တာခင်နိုင်ဦးဖြစ်လာခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌမှာ ဦးအောင်သော်ဖြစ်လာခဲ့သည်။
ထို့အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ဦးစစ်အေးက တာဝန်ထမ်းဆောင်မည်ဖြစ်ကာ ဦးပေါ်လွင်စိန်မှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဖြစ်လာခဲ့သည်။
ထို့သို့ခန့်အပ်မှုများအပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှာ ဦးသန်းထွန်းဦးဖြစ်လာခဲ့ပြီး ဦးခင်လတ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးဖြိုးဇော်စိုးမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်လာသည့်အပြင် ဒေါက်တာထိန်လင်းဦးမှာ ဥပဒေရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးတာဝန်အပြင် ဒုတိယရှေ့နေချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။