October 18, 2024

MT News

၄. ၈. ၂၀၂၃

အမျိုးသမီးသုံးဦးကို လာအိုနိုင်ငံရှိ ငွေကြေးလိမ်လည်ရယူသော လုပ်ငန်းသို့ ပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်နေ စိုးစိုး(ခ)မိုးမိုးဦး(ခ)ချစ်ချစ်နှင့် ဇာနည်မောင်တို့က တစ်မြို့တည်းနေ မ —-၊ ၂၄နှစ်၊ မ —-၊ ၂၄နှစ်နှင့်မ—-၂၀နှစ်တို့ကို လာအိုနိုင်ငံရှိ ဂိမ်းဆိုင်တွင် အလုပ်ရမည်၊ တစ်လလျှင် လုပ်ခလစာ ကျပ် ၁၃ သိန်း ခန့်ရရှိမည်ဟု ယုံကြည်အောင်ပြောဆိုပြီး လာအိုနိုင်ငံရှိ ငွေကြေးလိမ်လည်ရယူသော လုပ်ငန်းသို့ ပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုး အမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် နတ်မောက်မြို့နယ် စိုင်ကောင်းနယ်မြေရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မကွေး ခရိုင်တရားရုံးသို့ တရားစွဲတင်ခဲ့ကြောင်း သိရသည်။

တရားရုံးတင်စစ်ဆေးပြီးနောက် ဇူလိုင် ၃၁ ရက်တွင် ပြစ်မှုကျုးလွန်သော တရားခံ စိုးစိုး(ခ)မိုးမိုးဦး(ခ) ချစ်ချစ်နှင့် ဇာနည်မောင်တို့နှစ်ဦးကို လူကုန် ၁ ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *