October 18, 2024

၄. ၈. ၂၀၂၃
Translated by Htwe Ko Tun

ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျတ်စတင် ထရူးဒေါ နှင့် ၎င်း၏ဇနီး ဆိုဖီ ဂရီဂိုရီ ထရူးဒေါ တို့က ၎င်းတို့အနေဖြင့် ၁၈ နှစ်ကြာလက်ထပ်ထိမ်းမြားမှုအပြီး ဩဂုတ်လ ၂ ရက်က ကွာရှင်းပြတ်စဲခဲ့ကြပြီဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

၎င်းတို့နှစ်ဦးစလုံး က အရေးပါပြီးခက်ခဲသောနှစ်ဘက်ညှိနှိုင်းမှုများအပြီး ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဟု Instagram လူမှုကွန်ရက်တွင် ဖေါ်ပြခဲ့ကြသည်။ ဝန်ကြီးချုပ်ရုံးကလည်း ၎င်းတို့အနေဖြင့် ဥပဒေနှင့် အညီ နှစ်ဦးသဘောတူလက်မှတ်ထိုး၍ ကွာရှင်းပြတ်စဲခဲ့ကြခြင်းဟု ကြေညာချက်ထုတ်ခဲ့သည်။

ဝန်ကြီးချုပ် ထရူးဒေါ က အသက် ၅၁ နှစ်ရှိပြီဖြစ်ကာ ၂၀၁၅ ခုနှစ်မှစ၍ ဝန်ကြီးချုပ်တာဝန်ကိုယူခဲ့သည်။ ဆိုဖီ ထရူးဒေါ က မော်ဒယ်နှင့် ရုပ်မြင်သံကြားအစီအစဉ်မှူးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ၎င်းတို့က ၂၀၁၅ ခုနှစ်တွင်လက်ထပ်ခဲ့ကြပြီး အသက် ၁၅ နှစ်၊ ၁၄ နှစ်နှင့် ကိုးနှစ်အရွယ်ရှိသားသမီးသုံးဦးရှိသည်။

ဝန်ကြီးချုပ်ရုံးကြေညာချက်၌ ၎င်းတို့နှစ်ဦးက မိသားစုတစ်ခုအတွင်း အနီးကပ်ဆက်လက်ရှိသွားကြမည်ဖြစ်ပြီး မိသားစုအနေဖြင့် လာမည့်ရက်သတ္တပတ်တွင် ခရီးအတူသွားကြလိမ့်မည်ဟုလည်း ဖေါ်ပြခဲ့သည်။

၎င်းတို့နှစ်ဦးက ငယ်စဉ်ကပင် စတင် သိရှိခဲ့ကြပြီး ဆိုဖီ ထရူးဒေါ၏ ညီအငယ်ဆုံး မစ်ချေးလ်၏ အတန်းအတူတက်ဖက်ဖြစ်သည်။ ထရူးဒေါ ကတာဝန်ထမ်းဆောင်နေစဉ် ကွာရှင်းမှုပြုခဲ့သော ကနေဒါနိုင်ငံ၏ ဒုတိယ‌မြောက် ဝန်ကြီးချုပ်လည်းဖြစ်သည်ဟုဆိုသည်။

Ref—-inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *