October 18, 2024

၄. ၈. ၂၀၂၃
Written By Thandar

ဇာတ်ကားတွေ ခပ်စိပ်စိပ် ရိုက်ကူးလာတဲ့ သရုပ်ဆောင် နော်ဖောအယ်ထားကတော့ “ကျွန်မခင်ပွန်း၏ လျှို့ဝှက်ချက်” ဇာတ်လမ်းတွဲမှာ မိုးသော်တာနေရာမှ သရုပ်ဆောင်ခဲ့ရတာ စိတ်ရောလူရောတော်တော် ပင်ပန်းတဲ့ကားပါလို့ ဆိုပါတယ်။

“ဒီဇာတ်ကားမှာ ဘယ်သူက မယားကြီး မယားငယ်ဆိုတာတော့ ကြိုလည်း မပြောချင်ဘူး။ ဒီကျွန်မခင်ပွန်းရဲ့ လျှို့ဝှက်ချက်တွေလည်း အဓိက Main ဖြစ်နေတယ်။ ကြည့်ပြီးမှ ယောက်ျားရဲ့ လျှို့ ဝှက်ချက်ကို နောင်ကျမှ ဖြေးဖြေးချင်းသိရတာပေါ့။မိုးသော်တာ သူဌေးမလေးပုံစံက ထက်ထက်မြက်မြက်ရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက် နေရာက သရုပ်ဆောင်ထားတယ်။ ဒီကားက မိုးသော်တာ နေရာက စိတ်ရောလူရောတော်တော် ပင်ပန်းတဲ့ကားပါ”လို့ သရုပ်ဆောင် နော်ဖောအယ်ထားက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-04_16-21-28-682x1024.jpg

သူမကတော့ အနုပညာပိုင်းနဲ့ ပတ်သက်ပြီး ရင်ထဲက ဒဏ္ဍာရီ ၊ အိမ်မက်ငိုတော ၊ မစ္စတာချက်ကြီး ၊ ‌မင်္ဂလာ ရှိတဲ့အိမ်ကလေး ၊ ဒယ်လီတက္ကစီ အချစ်၊ အဇ္ဈတ္ထမီးအိမ်စတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခွင့်ရရှိထား သူလည်းဖြစ်ပါတယ် ။ နော်ဖောအယ်ထားက အနုပညာနဲ့ ပတ်သက်ရင် ပရိသတ်အတွက် အကောင်းဆုံးကို ချပြသွားဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

“မိုးသော်တာ က ယောက်ျားကို အရမ်းလည်းချစ်တယ်။ ယောက်ျားကိုလည်း အရိပ်တကြည့်ကြည့်ရှိ နေတယ်။ တ ဖြည်းဖြည်း စိတ်ဝင်စားစရာကောင်းတဲ့ ပုံလေးပေါ့။ ကိုယ်က ကိုယ့်ဘာသာ ကာရိုက်တာ တစ်ခုထဲမှာ မြှုပ်သွားပြီး တကယ့်ကို ခံစားလိုက်ရတာပါ။ ဒီကားမှာ ငိုရတဲ့ နောက်ဆုံး အခန်းဆိုရင် စိတ်ထဲကတော်တော်နဲ့ ဖြုတ်လို့မရအောင်ကို ခံစားခဲ့ရတယ် “လို့ သူမကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *