October 18, 2024

၄. ၈. ၂၀၂၃
Written by Pan Ei

အင်ဒိုနီးရှားနိုင်ငံ အနောက် ကာလီမန်တန်ပြည်နယ်က အသက် ၃၈ နှစ်အရွယ် မိခင်တစ်ဦးဖြစ်တဲ့ Falmira De Jesus ဟာ ပြီးခဲ့တဲ့သီတင်းပတ်က မိကျောင်းဆွဲခံခဲ့ရပြီး မိနစ် ၉၀ လောက်ကြာအောင် မိကျောင်းနဲ့ တိုက်ခိုက်ပြီးနောက်မှာ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

Falmira De Jesus ဟာ အုန်းပင်စိုက်သူတစ်ဦးဖြစ်ပြီး ဆီအုန်းစိုက်ခင်းတစ်ခုမှာ စိုက်ခင်းကို ရေသွင်းဖို့ အပင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ တူးမြောင်းက ရေတွေရယူဖို့ လုပ်ဆောင်နေချိန် တူးမြောင်းထဲက မိချောင်းက သူ့ဘယ်ဘက်ခြေထောက်ကို ကိုက်ဆွဲခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-08-04_15-03-40-2.jpg

သူမဟာ မိကျောင်းနဲ့ တိုက်ခိုက်ရင်း အကိုက်ခံရတဲ့ ဝေဒနာကြောင့် ခွန်အားတွေ ဆုတ်ယုတ်လာပြီး ကြောက်စိတ်တွေလည်း တိုးခဲ့ကာ အဲ့အချိန်မှာ သေတော့မယ်လို့တောင် ထင်ခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။ မိကျောင်းက သူမကို ရေထဲကို အကြိမ်ကြိမ်ဆွဲချဖို့ ကြိုးပမ်းနေပေမဲ့လည်း သူမက အရှုံးမပေးခဲ့ဘဲ အနီးအနားမှာရှိတဲ့ အပင်တချို့ကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ကာ အော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။ အဲ့ဒီအခါမှသာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမကို လာကူညီပေးခဲ့ပြီး မိကျောင်းကိုလည်း ခြောက်လှန့်မောင်းထုတ်ကာ အဲ့ဒီနောက်မှ မိကျောင်းလည်း သူမကို ကိုက်ထားရာကနေ ထွက်ပြေးသွားခဲ့ပါတော့တယ်။

ဒေသခံရဲတွေက မိကျောင်းကို မိနစ် ၉၀ ကျော်ကြာ သတ္တိရှိရှိ တိုက်ခိုက်ခဲ့တဲ့ Falmira နဲ့ သူမကို ကူညီပေးခဲ့ကြတဲ့ လူတွေကို ချီးကျူးပေးခဲ့ပြီး စိုက်ခင်းတစ်ဝိုက်မှာရှိတဲ့ အလုပ် သမားတွေနဲ့ ဒေသခံတွေကိုလည်း မိကျောင်းတွေ အနားကို ချဉ်းကပ်လာတဲ့အခါ ပိုမို သတိရှိကြဖို့ သတိပေးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မိကျောင်းမျိုးစိတ် ၁၄ မျိုးတို့ နေထိုင်ရာနေရာလည်း ဖြစ်ပါတယ်။

Ref; Oddity Central, Thaiger

Leave a Reply

Your email address will not be published. Required fields are marked *