October 18, 2024

၄. ၈. ၂၀၂၃
Written By Thandar

ဇာတ်ကားဖန်တီးမှုအပိုင်းတွေမှာလည်း ပရိသတ်အတွက် အမြဲတမ်း ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းတွေပဲ ချပြလေ့ရှိတဲ့ ဒါရိုက်တာ အကယ်ဒမီ ဇင်ရော်မောင်မောင်က တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားက ၂၀၁၉ အကယ်ဒမီ ၁၁ ဆုမှာ Nomination တစ်ဆုတောင် မပါတဲ့စာရင်း သတ်မှတ်ခံရတော့ ဘာများ လွဲနေလို့လဲ စိတ်ကူးရင်း စိတ်ကူးရင်း ငါးနှစ်ပြည့်ခဲ့တယ်လို့ ရင်ဖွင့်လာပါတယ်။

“ကျွန်တော် မီဒီယာလောကပျောက်သွားတာ ငါးနှစ်လောက် ရှိပါပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း ရုပ်ရှင်လောကမှာ ပျောက်ဆုံးသွားသလို ခံစားရတယ်။ စိတ်ပိုင်းဆိုင်ရာလည်း တော်တော်လေးကို ထိခိုက်သွားတယ်။ ဘာလို့လဲဆိုတော့ တိမ်တွေပေါ်ကပန်းက သိန်း ၇,၀၀၀ ကုန်ပြီ; 7.1 Sound System တစ်ကားထဲရှိတဲ့ ကားပါ။ ဘန်ကောက်မှာ အရှေ့တောင်အာရှရဲ့ အကောင်းဆုံး သေချာအသံတွေလုပ်ပြီး ကိုရီးယားမှာ သွားရိုက်တဲ့ကားပါ၊ ဇာတ်ကားက သိန်း ၃၅၀၀ ပဲပြန်ရတယ်။၂၀၁၉ ခုနှစ်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းက အကယ်ဒမီ ၁၁ ဆုမှာ Nomination တစ်ဆုတောင် မပါတဲ့ စာရင်းသတ်မှတ်ခံရတော့ ဘာများလွဲနေလို့လဲ စိတ်ကူးရင်း စိတ်ကူးရင်း ၅နှစ်ပြည့်ခဲ့တာပေါ့။ ဒီနေ့ မီဒီယာတွေပြန်တွေ့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မြယာကလည်း ပွဲတက်ပေးဖို့ တောင်းဆိုလာလို့ပါ” လို့ ဒါရိုက်တာ အကယ်ဒမီ ဇင်ရော်မောင်မောင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-04_14-15-53-1024x768.jpg

သူဟာတော့ တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားက မြန်မာ – ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း ရိုက်ကူးထားပြီး ဇာတ်လမ်းက ချင်းပြည်နယ် ထန်တလန်နဲ့ ကိုရီးယားနိုင်ငံ ဆိုးလ်နဲ့ ဘူဆန်တို့မှာ သွားရောက် ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ကိုရီးယားမင်းသား Ryu Sang Wook, ကျော်ထက်အောင်၊ အကယ်ဒမီဝတ်မှုန်ရွှေရည်၊ အကယ်ဒမီ မေသန်းနု စတဲ့သူတွေ ပါဝင်သရုပ်ဆောင်ထားကြတာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-04_14-15-54-682x1024.jpg

“ကျွန်တော်ရိုက်တဲ့ ကားတိုင်း အသံဆုတွေရခဲ့တယ်။ နိုင်ငံခြားသွားလုပ်လို့ အကုန်ကျခံပြီး မြန်မာပြည်မှာ မလုပ်လို့ ဆုမပေးဘူးဆိုရင် နိုင်ငံခြားကိုသွားပြီး Sound System လုပ်တဲ့သူတွေရှိတယ်။ တချို့က စက်တွေ ဒီမှာရှိတယ်။ ပညာရှင်တွေ အသံပိုင်းဆိုင်ရာ Affect တွေ နောက် Hollywood တဆင့်ဝယ်ရတာတွေ ရှိတယ်။ တချို့ ယိုးဒယား၊ အမေရိကသွားလုပ်သူတွေကို အားမပေးဘူးဆိုရင် အဆင်မပြေဘူး။ ကျန်တာက Directing ကိစ္စ။ ထန်တလန်နယ်မြေကြီးပေါ်မှာ အခြေခံပြီးရိုက်ခဲ့တယ်။ ဘူဆန်၊ ဆိုးလ်မှာရိုက်ခဲ့တယ်။ ဝတ်မှုန်ရွှေရည်ရဲ့ အားပါတဲ့ သရုပ်ဆောင်မှုတွေ မိုးနီလွင်ရဲ့ ဇာတ်ညွှန်းတွေ အတူတူတွဲလုပ်တဲ့ မင်းသန့်မောင်မောင်ရဲ့ ရိုက်ချက်တွေ ဒီတွေပေါ်မှာ ပြီးဆုံးသွားပေမဲ့ လွမ်းနေတယ် တမ်းတနေတယ်။ ကျွန်တော် အကြိုက်ဆုံးက ကင်မရာနဲ့အသံဆုတွေ ရသင့်တာပေါ့။ ဒါရိုက်တာတော့ မပြောတော့ပါဘူး။ အားလုံးကောင်းတယ်လို့ ယူဆပါတယ်။ ၂၀၁၉ က ဒါရိုက်တာတွေ တော်တော်ကောင်းတာတွေ ရိုက်ကြတယ်။ ကျွန်တော် နာမည်တော့ တပ်မပြောတော့ပါဘူး”လို့ သူကဆက်ပြောပါတယ်။

ဒါရိုက်တာ ဇင်ရော်မောင်မောင်က အနုပညာနဲ့ပတ်သက်ရင် ရွေးချယ်ထားတဲ့ အနုပညာရှင်တွေထဲက သရုပ်ဆောင် မြယာ နဲ့ အနုပညာအလုပ်တွေ တွဲဖက်လုပ်ဆောင်မယ့်သူ စာရင်းမှာ ပါတယ်လို့ ဆိုပါတယ်။ မကြာခင်မှာလည်း သားဖြစ်သူ မင်းသန့်မောင်မောင်နဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပူးပေါင်း ရိုက်ကူးတင်ဆက်သွားမယ်လို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *