October 18, 2024

ကော့ကရိတ် နှင့် ကျုံဒိုးမှ ဒေသခံများအား ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေစဥ် (ကရင်ပြည်နယ်အစိုးရအဖွဲ့)

၄. ၈. ၂၀၂၃

Written by Hey Mar

ကရင်ပြည်နယ်မှာ မိုးများပြီးရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ရေဝင်ရောက်နေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို ရေဘေးလွတ်ရာ အရေးပေါ် ရွှေ့ပြောင်းပေးတာတွေ သက်ဆိုင်ရာမြို့နယ် မီးသတ်တပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ပူးပေါင်းပြီးလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒီနေ့ သြဂုတ် ၄ ရက်၊ မနက် ၈ နာရီဝန်းကျင်က ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စက်မှုသိပ္ပံကျောင်းအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပွားလာတာကြောင့် ကော့ကရိတ်မြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရေဘေးလွတ်ရာ အ.ထ.က(၂)‌ကျောင်းကို ယာယီကူညီပြောင်းရွှေ့ ပေးခဲ့တယ်လို့ ကော့ကရိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-04_14-02-28.jpg

အလားတူပဲ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာလဲ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အမှတ်(၁)၊ အမှတ်(၂) နဲ့ အမှတ်(၃)ရပ်ကွက်တွေမှာ ရေဝင်ရောက်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ အကူအညီတောင်းခံလာတယ်လို့ ကျုံဒိုးနယ်မြေမီးသတ်စခန်းကနေ သိရပါတယ် ။ အဲဒါကြောင့် ကျုံဒိုး နယ်မြေမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရေဘေးလွတ်ရာ အမှတ်(၁) ဓမ္မသုခဘုန်းတော်ကြီးကျောင်း၊ အမှတ်(၂)ရပ်ကွက်ဓမ္မာရုံနဲ့ အ.ထ.က(ကျုံဒိုး)ကျောင်းများသို့ ကူညီပြောင်းရွှေ့ပေးခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *