October 18, 2024

၄. ၈. ၂၀၂၃
Written by Pan Ei

မကြာသေးမီက အန္တရာယ်များတဲ့ ထွက်ပြေးလွတ်မြောက်မှု စစ်ဆင်ရေးတစ်ခုအနေနဲ့ နိုင်ဂျီးရီးယားက အမျိုးသားလေးဦးတို့ဟာ သူတို့ရဲ့ ဇာတိနိုင်ငံကနေ စထွက်ခဲ့တဲ့ ကုန်တင်သင်္ဘောရဲ့ ပဲ့အပိုင်းက တက်မပေါ်မှာ ၁၄ ရက်ကြာ လိုက်ပါလာခဲ့ပြီး ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ပေါ်မှာ ကီလိုမီတာပေါင်း ၆,၀၀၀ နီးပါးကို ခရီးနှင်ခဲ့ကြပါတယ်။

ကုန်တင်သင်္ဘောရဲ့ တက်မမှာလိုက်ပါလာခဲ့ကြတဲ့သူတို့ကိုပင်လယ်ပြင်ထဲမှာ ကီလိုမီတာ ၅,၆၀၀ ကျော် ခရီးနှင်ပြီးနောက် ဘရာဇီးနိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့ကာ အန္တရာယ်များတဲ့ အခြေအနေတွေကြားကနေ သင်္ဘောရဲ့ ကျဉ်းမြောင်းလှတဲ့ တက်မပေါ်မှာ ပုန်းအောင်းပြီး လိုက်လာနိုင်ခဲ့တဲ့ သူတို့ရဲ့ ဇွဲကိုတော့ လူတွေက ချီးကျူးခဲ့ကြပါတယ်။

လိုက်ပါခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ Roman Ebimeme Flayday က သူ့ကို သူငယ်ချင်းတစ်ဦးက ကုန်တင်သင်္ဘောပေါ်ရဲ့ တက်မပေါ်ကို ပို့ဆောင်ပေးခဲ့ပြီး အဲ့ဒီမှာတခြားနိုင်ဂျီးရီးယားနိုင်ငံသား သုံး ဦးကိုလည်း တွေ့ရှိခဲ့တာကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ သူတို့ဟာ ရှာတွေ့ခံရရင် ပင်လယ်ထဲကို ပစ်ချခံရမည်ကို စိုးရိမ်တာကြောင့် ပင်လယ်ခရီးတစ်လျှောက်မှာ တက်မပေါ်မှာပဲ ငြိမ်သက်စွာ ထိုင်နေခဲ့ကြပြီး ဆယ်ရက်မြောက်နေ့မှာပဲ သူတို့ရဲ့ စားနပ်ရိက္ခာတွေ ကုန်သွားတာကြောင့် ပင်လယ်ရေနဲ့ပဲ အသက်ဆက်ခဲ့ကြရတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-04_12-37-50.jpg

ဒါ့အပြင် သူတို့ဟာ ခရီးတစ်လျှောက်လုံးမှာ ငါးမန်းတွေ၊ ဝေလငါးတွေနဲ့ ရေနေသတ္တဝါမျိုးစုံကို မြင်တွေ့ခဲ့ရပြီး အင်ဂျင်ဆူညံသံတွေနဲ့ ကျဉ်းမြောင်းတဲ့နေရာမှာ အိပ်ခဲ့ရတယ်လို့လည်း သိရပြီး သူတို့က ပြုတ်မကျဖို့အတွက်တော့ ကြိုးတွေကို အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

အခုလက်ရှိမှာတော့ Flayday နဲ့ အခြားအမျိုးသားတစ်ဦးဟာ ဘရာဇီးနိုင်ငံမှာ တရားဝင်ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေပြီး ကျန်နှစ်ဦးကတော့ သူတို့ကို နိုင်ဂျီးရီးယားနိုင်ငံကို ပြန်ပို့ဖို့ တောင်းဆိုခဲ့ပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *