October 18, 2024

၄. ၈. ၂၀၂၃
Written By Thandar

The Teacher ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင်မြယာရဲ့ Mya Yar Ko Film Production အသစ်နဲ့အတူ စတင်ရိုက်ကူးတော့မယ့် ဇာတ်ကားသစ်များ မိတ်ဆက်ပွဲကို ဩဂုတ်လ ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။

“မင်းသမီးသစ်တွေကို မွေးထုတ်ပေးချင်တာပါ။ မြယာအနေနဲ့ အရင်တည်းကမှ ထုတ်လုပ်ရေးလုပ်ချင်တဲ့ စိတ်ကူးရှိခဲ့တာပါ။ အခုချိန်မှာလည်း ဖြစ်လာနိုင်တဲ့ အခက်အခဲတွေအားလုံးကို အဆုံးထိတွေးထားပြီး ဒီထုတ်လုပ်ရေးကို လုပ်ဖြစ်တာပါ။ မြ ကလည်း သရုပ်ဆောင်အဖြစ် တချို့ကားတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင်သရုပ်ဆောင်သွားမှာပါ။ သရဲကားတွေပဲ မြ ရိုက်မှာ မဟုတ်ပါဘူး။ ရသစုံ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းတွေ ရိုက်ကူးထုတ်လွှင့်မှာပါ။ မင်းသမီး ဦးဆောင်ဇာတ်တွေ အဓိက ရိုက်ကူးချင်တာပါ”လို့ သရုပ်ဆောင် မြယာ က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-04_12-33-46-768x1024.jpg

အဲဒီမိတ်ဆက်ပွဲမှာ မြယာအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီ စည်သူ ကြည်စိုးထွန်း၊ ဒါရိုက်တာ ဇင်ရော်မောင်မောင်နဲ့ အကယ်ဒမီ စိုးမြတ်သူဇာတို့က မုဒိတာ စကားတွေ ပြောကြားပေးခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-04_12-33-40-1024x853.jpg

” မကြီးရဲ့ ဒီဝတ္ထုက ငယ်တဲ့အချိန်တုန်းက စိတ်ကူးတွေယဥ်ပြီးရေးခဲ့တာပါ။ ကိုယ်ကစာရေးဆရာလည်း မဟုတ်တဲ့ အတွက် အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမယ့် မြယာ ပြောပြတဲ့ ဒါရိုက်တာတွေနဲ့ဆိုရင် ဝတ္တုရဲ့ အားနည်းချက်တွေကို ဖြည့်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကို မကြီးဝတ္ထုထဲက ထွဋ်က မြယာပုံစံလေးနဲ့ လိုက်သလို သူ့ကိုလည်း ယုံကြည်တဲ့အတွက် ပေးရိုက်ဖြစ်တာပါ။ မြယာကိုလည်း ပရိသတ်တွေချစ်ခင်ဝန်းရံပေးကြဖို့ တောင်းဆိုပါတယ်” အကယ်ဒမီ စိုးမြတ်သူဇာက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-04_12-33-45-768x1024.jpg

Mya Yar Ko Film Production ကနေ ပထမဆုံးအနေနဲ့ ” မဖဲဝါ” ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရိုက်ကူးထုတ်လုပ်မှာဖြစ်ပါတယ်။ အကယ်ဒမီ စိုးမြတ်သူဇာရဲ့ ပထမဆုံးလုံးချင်းဝတ္ထု အချစ်စစ်ဇာတ်လမ်းများကိုလည်း ဒုတိယမြောက်ရုပ်ရှင်ကားကြီးအဖြစ် ဖန်တီးရိုက်ကူးသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *